Headlines News :
Home » , » လွိုင်ကော်မြို့၌ KNPP ဆက်ဆံရေးရုံး ပထမဦးဆုံးဖွင့်လှစ်

လွိုင်ကော်မြို့၌ KNPP ဆက်ဆံရေးရုံး ပထမဦးဆုံးဖွင့်လှစ်

Written By လွင့်မောင်မောင် on Wednesday, July 25, 2012 | 9:43 PM


KNPP











ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် မြန်မာအစိုးရတို့ ထာဝရငြိမ်းချမ်းရေးအတွက် လက်တွဲဆောင်ရွက်နိုင် ရေး ယနေ့ နံနက် ပိုင်း ကယားပြည်နယ် လွိုင်ကော်မြို့တော်၌ ဆက်ဆံရေးရုံး တစ်ရုံးဖွင့်လှစ်ခဲ့ပါသည်။
“အခုဒီမနက်ဖွင့်တဲ့ ဆက်ဆံရေးရုံးက လွိုင်ကော်မြို့ပင်မ ဆက်ဆံရေးရုံးပါ။ ပြီးရင်ဒီတရက်နှစ်ရက်အတွင်း ရှားတော နဲ့ ဖားဆောင်း မှာ ဖွင့်သွားဖို့ရှိတယ်။ တချိန်တည်းတော့မဟုတ်ပါဘူး။ အခုရုံးဖွင့်ရတဲ့အကြောင်းရင်းက အပစ်ရပ် ထား တဲ့ကိစ္စ ပိုပြီးခိုင်မာဖို့၊ တရားဝင် ဆွေးနွေးလို့ရပြီ ” - ဟု ဆက်ဆံရေးရုံးတာဝန်ခံ ခူးဒယ်နီယယ် ကပြောပါသည်။

ဆက်ဆံရေးရုံးအား ကယားပြည်နယ် လွိုင်ကော်မြို့ အမှတ် ၂၈ ဦးသီရိလမ်း နှင့် ၈ လမ်းဒေါင့် ဒေါဦးခူရပ်ကွက်၌ ဖွင့်လှစ်ခဲ့ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး (ခ) ဦးဘူးရယ် နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခူးဒယ်နီယာ အပါအဝင် KNPP ပါတီ ဗဟိုကော်မတီဝင် ၃ ဦး၊ စုစုပေါင်း အင်အား တရာ ကျော်တက်ရောက် ခဲ့သည်ဟုဆိုသည်။

“ကျနော်တို့ ထွေထွေထူးထူးလုပ်တာမရှိပါဘူး၊ ဝန်ကြီးချုပ်လဲထွေထွေထူးထူးပြောတာမရှိဘူး၊ အဓိက မနက် ၈ နာရီ အတိမှာ ဝတ်ပြုဆုတောင်းပွဲနဲ့ ရုံးခန်းဖွင့်လိုက်တယ်၊ ဒါပါဘဲ” - ဟု ခူးဒယ်နီယယ်က ဆက်ပြောပါသည်။

အဆိုပါကိုယ်စားလှယ်ရုံးဖွင့်ပွဲ အခမ်းအနားအတွက် ကယားပြည်နယ် နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ဆရာတော် မောလေး တက်ရောက် ဆုတောင်းပေးခဲ့ခြင်းဖြစ်သည်။
002_-_KNPPလွိုယ်ကော်မြို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဆက်ဆံရေးကိုယ်စားလှယ်ရုံးဖွင့်ပွဲ (ဓါတ်ပုံ KNPP)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ နှင့် မြန်မာအစိုးရတို့ အပစ်ခတ်ရပ်စဲရေးဆွေးနွေး သဘောတူကြပြီး နောက် ပိုင်း ရင်ဆိုင် တိုက်ပွဲအချို့ဖြစ်ပွားခဲ့သော်လည်း ယခု နှစ်ဘက်စလုံး ထိန်းထိန်းသိမ်းသိမ်းသွားလာလှုပ်ရှား သော ကြောင့် တိုက်ပွဲဖြစ်ပွားမှု မရှိတော့ကြောင်း၊ KNPP ၏ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များအား တိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီ UNFC ဆုံးဖြတ်ချက်အတိုင်း လျှောက်လှမ်းမည်ဖြစ်ကြောင်း ခူးဒယ်နီယယ်က ပြောပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template