Headlines News :
Home » » အကုန်ရရင်ရ မရရင်ဘာမှမလိုချင်တဲ့ ၈၈ မျိုးဆက်တွေ

အကုန်ရရင်ရ မရရင်ဘာမှမလိုချင်တဲ့ ၈၈ မျိုးဆက်တွေ

Written By လွင့်မောင်မောင် on Tuesday, July 24, 2012 | 3:39 PM



၈၈မျိုးဆက်ကျောင်းသားအယောက်(၂၀)ကျော်ရဲ့  နိုင်ငံကူးလက်မှတ်လျှောက်ထားမှုမှာ လေးလနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ပေမယ့် သက်ဆိုင်ရာမှပတ်စ်ပို့  ချထားပေးခြင်း မရှိသေးတာနဲ့  ပက်သက်ပြီး ကိုမြအေးက "ပတ်စ်ပို့  မရသေးဘူး၊ တော်တော်ကြာပြီ လျှောက်ထားတာ" ဟု ပြောကြားသကဲ့သို့  ၈၈ ရုံးခန်းမှတာဝန်ရှိသူ တစ်ဦးကလည်း "ပတ်စ်ပို့ မရတော့ပြည်ပအဖွဲ့ အစည်းတွေက ဖိတ်ကြားထားတဲ့ ခရီးစဉ်တွေ ဖျက်လိုက်ရတာ
ရှိပါတယ်။ ဘာကြောင့် မရသလဲဆိုတာတော့ မသိဘူး" ဟု ပြောပါတယ်။
နိုင်ငံတော်သမ္မတရဲ့  အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ ဝင်တစ်ဦးက အဆိုပါကိစ္စနှင့်ပက်သက်ပြီး "၈၈ မျိုးဆက်ကျောင်းသားတွေထဲက တချို့ ကို ပတ်စ်ပို့  ခွင့်ပြုဖို့ ရှိပေမယ့် အားလုံးမရရင် မယူဘူးလို့  သူတို့ ဘက်ကပြောတယ်လို့ သိရတယ်" ဟု ရှင်းလင်းပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ပုံမှန်အားဖြင့် ပတ်စ်ပို့ လျှောက်ထားရာမှာ ပုံမှန်အားဖြင့် သုံးပတ် (၂၁ ရက်) ခန့် သာ ကြာမြင့်ကြောင်းသိရှိရပါတယ်။

(ဗီးနပ်စ်နယူး ဂျာနယ်သတင်းကို ကိုးကားဖော်ပြပါတယ်)

aung myo tun
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template