“၀”ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေမှာရှိတဲ့ မိုင်းပေါက်ဒေသ တွင် ၈နှစ်နဲ့ ၁၀နှစ်ကြား ကလေးငယ်များကို စာသင်ကျောင်း တွေမှာစုပြီး ညနေပိုင်းတွေမှနဲ့ကျောင်းပိတ်ရက်တွေမှာ ရဲညွှန့်ကြီးသင်တန်းနဲ့ စစ်ပညာ အခြေခံ သင်တန်း များကို ပေးနေပါတယ်။ အခုလို စစ်ပညာတွေသင်ကြားပေးနေရတာဟာ ကိုယ်ရပ်ကိုယ့်ရွာလုံခြုံရေးအတွက် လုပ်ဆောင်နိုင်အောင် သင်ကြားပေး ရခြင်းဖြစ်တယ်လို့ သင်တန်းဆရာတစ်ဦးကပြောပါတယ်။ အခုလို့သင်ကြားပေးတာက ကလေးတွေပညာရေးလဲ ထိခိုက်ခိုက်တဲ့ အချိန်မဟုတ်ဘဲ သူတို့အားလပ်ချိန်ထဲကနေသင်ကြားပေးခြင်းဖြစ်ပါတယ်။
သူတို့က အနာဂတ်ခေါင်းဆောင်ငယ်လေးတွေဖြစ်တဲ့အတွက် နောင်လာမယ့်ကြီးလာတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ “၀” ပြည်နယ်ကိုကာကွယ် အင်အားစုတွေဖြစ်တဲ့အတွက် အခုလိုကလေး ဘ၀ကတည်းက သင်ကြားပေးရခြင်း ဖြစ်တယ်လို့ ပြောကြား ခဲ့သည်။
ကချင်နေ့စဉ်သတင်း