Written by အောင်သာနီ Saturday, 21 July 2012 13:59
ဇူလိုင်လ ၁၉ ရက်နေ့က ဒီမိုကရေစီခရီးကြမ်းနဲ့  ဒေါ်အောင်ဆန်းစုကြည် ခေါင်းစဉ်ဖြင့် -RFA-မြန်မာပိုင်း အစီအစဉ်မှ ဦးခင်မောင်စိုးက ဒေါ်အောင်ဆန်းစုကြည်အား အင်တာဗျူးလုပ်ပြီး အသံလွှင့်ခဲ့သည်။ Facebook - တို့ အင်တာနက်တို့မှ အထိမ်းအကွပ်မရှိဘဲ ရေးနေကြသောကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာတယ်လို့ ဝေဖန်သံတွေရှိသည်။ တပြိုင်နက်မှာ ကွန်ပြူတာ အင်တာနက်စနစ်ကြောင့် လူတွေ နားမျက်စိ ဖွင့်လာသည်ကိုလည်း နားလည်ရှင်းလင်းပြီးသားဖြစ်ကြသည်။ ဤကိစ္စ မည်သို့ ထိမ်းသိမ်းဆောင်ရွက်သင့်ပါသနည်းဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးပြီး လွှင့်ထုတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ ဤကဲ့သို့ ဖြစ်လာရသည်မှာ ကိုယ်ကျင့်တရားနှင့်သာ ဆိုင်သည်။ ပြည်တွင်းက မီဒီယာသမားတွေ လူငယ်သတင်းထောက်တွေမှာ ချစ်စရာကောင်းသည်။ မှန်ကန်တဲ့ သတင်းတွေသာ ရေးကြလွှင့်ကြသည်။
တချို့  ကမ္ဘာတ၀န်းက သူတွေမှာသာ မိမိတို့ရဲ့သြဇာတွေကို အလွဲသုံးစားလုပ်ပြီး လွှင့်နေကြသည်။ ယင်းမှာ ကိုယ်ကျင့်တရားကို အလွဲသုံးစားလုပ်သူများဖြစ်သည်ဟု ဖြေကြားခဲ့သည်ကို ကြားရသည်။
ဤအတိုင်းဆိုလျှင် မေးသူ ဦးခင်မောင်စိုးမှာ ကိုယ်ကျင့်တရား ထိမ်းသိမ်းသင့်သူအဖြစ် သမိုင်းမှာ နာမည်ကောင်းရအောင် ကြိုးစားရန်သာလိုသည်။ ဦးခင်မောင်စိုးတင်မဟုတ်၊ အခြားသော မြန်မာဘာသာဖြင့် မီဒီယာသတင်းဌာနများတွက် လုပ်ကိုင်နေသူများက ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ကျင့်တရားကို အလွဲသုံးစားမပြုလုပ်သူများအဖြစ် ဆင်ခြင်ပြုပြင်ရန် လိုတော့သည်။ အဘယ့်ကြောင့်ဆိုသော် -Facebook -အင်တာနက်များတွင် ရေးသားနေကြသူများမှာ မြန်မာနိုင်ငံသားတို့၏ လူဦးရေနှင့် ကြည့်လျှင် တစ်ရာခိုင်နှုန်းတောင် မရှိချေ။ ရေဒီယိုနားထောင်သူများမှာ နားမုဒိမ်းကျင့်ခြင်းခံရသူများဖြစ်၍ မတတ်သာ၍ အောင့်ကာနားထောင်နေရသူများဖြစ်သည် ။ ၄င်းတစ်ရာခိုင်နှုန်းမျှသော လူငယ်တို့ မှာ ကွန်ပြူတာမှ ပြန်လည်ချေပခြင်းတို့ သည် မတော်မတရား လွှင့်နေရေးနေကြသောသူများကြောင့်သာဖြစ်သည်။
မီဒီယသတင်းဌာနတို့မှာ စာဖြင့်ရေးသားထုတ်လွှင့်နေကြသော သတင်းဌာနနှင့် အသံဖြင့် လွှင့်ထုတ်နေသော သတင်းဌာနတို့ရှိသည်။ ၄င်းအသံဖြင့် လွှင့်ထုတ်နေကြသော သတင်းဌာနတို့မှာ တချို့ဌာနများ၌ မြန်မာဘာသာဖြင့်ရှိပြီး တချို့ ဌာနများမှာ မြန်မာဘာသာဖြင့် မလွှင့်ထုတ်သော သတင်းဌာနများရှိသည်။ သတင်းထောက်များ၏ ပေးပို့သော သတင်းများကို အတည်ပြု၍ ထုတ်လွှင့်ရသော သတင်းများ၊ ကွင်းဆင်းပေးပို့သော သတင်းများကို ထုတ်လွှင့်ကြရာ တချို့ မှာ စစ်မြေပြင်သတင်းများကို ထုတ်လွှင့်နေကြရသည်။ တချို့ သော မီဒီယာစစ်မြေပြင်သတင်းထောက်တို့မှာ စစ်မြေပြင်၌ ရက်စက်စွာသတ်ဖြတ်ခြင်း ခံရသည်။ ကမ္ဘာသူ ကမ္ဘာသားများအတွက် သတင်းများကို အသက်နှင့်လဲ ပြီး ရေးသားထုတ်လွှင့် ပေးပို့ခဲ့သူများ ဖြစ်သည်။ ဤနေရာ၌ သတင်းများကို အတည်ပြုခြင်းဆိုသော အချက်ကို တင်ပြလိုသည်။ BBC-VOA- RFA- DVB - တို့သည် ဌာနချင်းနှင့် နိုင်ငံပိုင်လည်း မတူသော်လည်း သတင်းအတည်ပြုချက်မယူဘဲ ထုတ်လွှင့်နေသည်များမှာ ခြေရာတခုတည်းဖြစ်သည်။ BBC- ကို ယခင်က မြန်မာနိုင်ငံသားတို့မှာ -၁၉၈၈- ခုနှစ် နောက်ပိုင်း အတော်ပင်ချစ်ခင် လေးစားပြီးအားပေး နားထောင်ကြသည်။ သို့သော် ယခုမှာမူ -BBC-ကို နားမထောင်ကန့်ကွက်ဆန္ဒပြနေကြပြီ ဖြစ်သည်။ ၄င်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသော ကိုယ်ကျင့်တရားနှင့် ဆက်စပ်သည်။ ကိုယ်ကျင့်တရားရှိသော သူများတို့သည် မိမိတို့၏သြဇာကို အလွှဲသုံးစား မပြုလုပ်သင့်။ BBC World Services - မှ မစ္စ အန်နာဂျုံးမှာ သမိုင်းလိမ်ဘင်္ဂလီ မွတ်ဆလင်ဘာသာဝင် လူမျိုးတို့ ၏ ဓါတ်ပုံကို မြန်မာနိုင်ငံမြေပုံမှာ ထည့်သွင်းပြီး သတင်းကို ဖေါ်ပြလွှင့်ထုတ်သွားရာ ယင်းသတင်းဌာနကို ရခိုင်လူမျိုးက တရားဝင်တောင်းဆိုသော်လည်း မရသောကြောင့် ယခုကဲ့သို့ဆန္ဒပြ ကန့်ကွက်ကြခြင်းဖြစ်သည်။
ထိုအတူ အခြားသော -DVB-VOA-RFA- တို့  သတင်းဌာနမှလည်း သတင်းအတည်ပြုချက်များကို မယူဘဲ ထုတ်လွှင့်နေသောကြောင့် ရေဒီယိုနားထောင်သူများမှတဆင့် ကွန်ပြူတာသုံးသူများထံ သတင်းများ ပေါက်ကြားလာကြသည်။ သတင်းအတည်ပြုချက် ဆိုသည်မှာ အိပ်ဖွင့်ပေးစာ တစောင်လောက်ကို လက်ခံရရှိ၍ အသံလွှင့်ခြင်းကို မဆိုလို၊ သတင်းဂျာနယ်များတွင် ရေးသားဖေါ်ပြခြင်းကို မဆိုလို။ သမိုင်းလိမ်ဘင်္ဂလီ မွတ်ဆလင်ဘာသာဝင် လူမျိုးများမှာ မြန်မာနိုင်ငံ၌ ရိုဟင်ဂျာလူမျိုးဟု မရှိသည်ကို အတည်ပြုနိုင်ပါမည်လား ဆိုသော သတင်းအတည်ပြုချက် ယူရမည်ဖြစ်သည်။ ထို့ ကြောင့် အတည်ပြုချက်ကို မည်သည့်ဌာနက ပေးနိုင်မည်နည်းဆိုသည်ကို စစ်ကြောစရာလိုသည်။ လူဝင်မှူးကြီးကြပ်ရေးဝန်ကြီးဌာနမှ ၀န်ကြီးဖြစ်စေ ပြောရေးဆိုခွင့် ရထားသူ ညွှန်ကြားရေးမှူးချုပ်ဖြစ်စေ ရုံးအဖွဲ့မှူးဖြစ်စေ မေးမြန်း၍ရသည်။ ထိုအတူ ပြန်ကြားရေးဝန်ကြီးဌာနမှ ၀န်ကြီးဖြစ်စေ ပြောရေးဆိုခွင့်ဖြစ်စေ မေးမြန်း၍ရသည်။ ယခုမူ သမ္မတဦးသိန်းစိန်ကိုပင် အတည်ပြုချက်ယူရန် မေးမြန်း၍ရသည်။
တိကျစွာပြောရလျှင် ဤ၀န်ကြီးဋ္ဌာနမှ ၀န်ကြီးများသည်၎င်း၊ သမ္မတဦးသိန်းစိန်သည်ပင်၎င်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုသည်မှာ တိုင်းရင်းသားလူမျိုးမဟုတ်ကြောင်း ကြေညာထားပြီးသူများဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှလည်း နယ်စပ်ဖြတ်ကျော်လာသော သူများဖြစ်၍ တရားဥပဒေအရ တိကျစွာ ကိုင်တွယ်ရမည်ဟု ပြောဆိုထားသည်။ ဘာသာမတူ အယူကွဲပြားသော လူမျိုးနှစ်မျိုးမှာ လောလောဆယ် ပဋိပက္ခများဖြစ်နေ၍ အချိန်တိုတိုနှင့် အေးချမ်းတည်ငြိမ်ရေးကို မပြုလုပ်နိုင်သော်လည်း လူဝင်မှူးကြီးကြပ်ရေးဥပဒေကိုမူ တိကျစွာ လုပ်ကိုင်ရန်လိုသည်။ ယခင်က ဥပဒေကို တိကျစွာ မဆောင်ရွက်ခဲ့သောကြောင့် ယခုလို ကြီးမားသောပြဿနာ ဖြစ်လာသည်ဟု ပြောဆိုခြင်းမှာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုသည်မှာ တိုင်းရင်းသားလူမျိုးများ မဟုတ်ကြောင်းကို ဥပဒေစကားအရ အမြော်အမြင်ကြီးစွာဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး မဟုတ်ပါဘူးလို့ပြောနေသော သူတို့အကြောင်းကို မည်သည့်အတွက် လွှင့်ထုတ်စရာ လိုပါသနည်း။ အတည်ပြုချက် မပြည့်စုံသော သတင်းဖြစ်၍ ဤသတင်းကို မလွှင့်ထုတ်နိုင်ပါဟု စောဒကတက်ပြီး ဖြေရှင်းနိုင်ရမည်ဖြစ်သည်။ ဤသည်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောသော ကိုယ်ကျင့်တရား ထိမ်းသိမ်းရေးပင်ဖြစ်သည်။ တချိန်တည်းမှာပင် အတည်ပြုချက်မယူဘဲ လွှင့်ချင်တိုင်းလွှင့်၍ ရေးချင်တိုင်းရေးနေကြသော မီဒီယာသမားများကြောင့် မြန်မာနိုင်ငံတော်၏ သမ္မတကြီး ဦးသိန်းစိန် ဓါတ်ပုံကားချပ်ကိုရော နိုင်ငံတော်အလံကိုပါ ခြေထာက်နှင့်တက်နင်း မီးနှင့်ရှို့ကာ ကမ္ဘာ့အလယ်မှာ အရှက်ခွဲကာ ရန်စခြင်းခံနေရပြီ။ နောင်ကို ကမ္ဘာအရပ်ရပ်ရှိ မွတ်ဆလင်နိုင်ငံများ၏ ခြေထောက်အောက်တွင် မနင်းချေရေးအတွက် သမ္မတကြီး ဦးသိန်းစိန်၏ ဓါတ်ပုံကားချပ်နှင့် နိုင်ငံတော်အလံကို ကာကွယ်ရေးမှာ အစိုးရ၏ တာဝန်ဖြစ်လာပါပြီ။ RFA-VOA -တို့ မှာ အမေရိကပြည်ထောင်စု အစိုးရ၏ ထောက်ပံ့ငွေဖြင့် ရပ်တည်နေသော သတင်းဌာနဖြစ်၍ နှစ်နိုင်ငံချစ်ကြည်ရေးအရ သမိုင်းလိမ်ဘင်္ဂလီမွတ်ဆလင်လူမျိုးများ၏ သတင်းများကို မလွှင့်ထုတ်နိုင်ရန် တားမြစ်ပိတ်ပင်ရမည် ဖြစ်သည်။
ဤကဲ့သို့  တားမြစ်ပိတ်ပင်ခြင်းသည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိမ်းသိမ်းရာရောက်ခြင်း ဖြစ်သည်။ BBC - သတင်းဋ္ဌာနမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ ၄င်း၊ DVB-သတင်းဌာနမှာ နော်ဝေးနိုင်ငံ အော်စလိုမြို့ မှ ၄င်း လွှင့်နေသည်ဖြစ်ရာ ယခုလက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် နှစ်နိုင်ငံချစ်ကြည်ရေးကို ပျက်ပြားသွားစေနိုင်သည်။ အကယ်၍ ယင်းသို့  တားမြစ်ပိတ်ပင်ရန် ပျက်ကွက်နေပါမူ ကျင်းပနေသော ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များမှ တင်ပြတောင်းဆိုပြီး ဆုံးဖြတ်ချက်ရယူလာကြရန်သာ ရှိတော့သည်။
သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်ပြောသလို မိမိတို့ သြဇာကို မိမိတို့ထိမ်းသိမ်းမှသာ ဖြစ်ကြတော့မည် ဖြစ်သည်။ ယခုလို -Facebook- အင်တာနက်မှာ ရေးသားတင်ပြနေကြသူများသည် အမျိုးသားချစ်စိတ်ဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်နေကြသူများဖြစ်ရာ သူခိုးများက လူဟစ်ခြင်းကို မည်သူမျှ လက်သင့်ခံကြမည် မဟုတ်ချေ။
ညွှန်း http://www.arakantimes.net/burmese/index.php/2012-04-06-09-44-45/299-facebook-rfa-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago