Headlines News :
Home » , » ရခိုင်ပြည်နယ် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများမှ သဘောထားကြေငြာချက် တစ်စောင်ထုတ်ပြန်

ရခိုင်ပြည်နယ် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများမှ သဘောထားကြေငြာချက် တစ်စောင်ထုတ်ပြန်

Written By လွင့်မောင်မောင် on Monday, July 23, 2012 | 8:21 PM

Ko Aung  Arakan Times



စစ်တွေမြို့တွင်ရှိသော တက္ကသိုလ်အသီးသီး၌ ပညာသင်ကြားနေသော တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများမှ ဘင်္ဂလီမူဆလင်-ရခိုင်အဓိကရုဏ်းဖြစ်ပေါ်ရခြင်းနှင့် ၄င်းတို့၏အခက်အခဲများအား သဘောထားကြေငြာချက်တစ်စောင်ကို ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်ကြောင်းသိရှိရသည်။

“ ကျနော်တို့အခု ပညာသင်ကြားနေရတာက လုံးဝလုံခြုံမှုမရှိသလို တက္ကသိုလ်ဆရာ၊ ဆရာမတွေ အတွက်လည်း လုံးဝလုံခြုံမှုမရှိပါဘူး။ ဘာလို့လည်းဆိုတော့ တက္ကသိုလ်ကျောင်းတွေနဲ့ တက္ကသိုလ်ကျောင်းဆရာ၊ ဆရာမတွေရဲ့ အဆောင်တွေဟာ ဘင်္ဂလီမူဆလင်တွေနေထိုင်တဲ့ ရပ်ကွက်တွေ၊ရွာတွေပတ်လည်ဝိုင်းနေတဲ့နေရာတွေမှာ ဖြစ်နေလို့ပါပဲ။ အဲဒီတော့ ခုတက္ကသိုလ်တွေ ပြန်ဖွင့်ထားပေမယ့်၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအကုန်လုံး ပညာသင်ကြား၊ ပြသရတာဟာ ဘယ်လိုမှ အေးအေးချမ်းချမ်းနဲ့ သင်ကြား မပြသနိုင်ဘူးဖြစ်နေတယ်။ ဘာလို့လည်းဆိုတော့ အစိုးရက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ အေးချမ်းတည်ငြိမ်နေပါပြီလို့ ဘယ်လောက်ဘဲပြောပြော၊ တကယ့်လက်တွေ့မှာ ရင်တက်မအေး အခုချိန်ထိ မအေးချမ်းသေးပါဘူး။ ဘင်္ဂလီမူဆလင်တွေဟာ တစ်နေ့မဟုတ်တစ်နေ့ ကျနော်တို့ ဒေသခံတွေကို ထပ်ပြီး အကြမ်းဖက်လာနိုင်သေးတယ်ဆိုတာ စစ်တွေဒေသခံတွေက သိနေကြလို့ပါပဲ။ ” ဟု တက္ကသိုလ်ကျောင်းတစ်ဦးမှ ပြောသည်။

စစ်တွေတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်သည် ဘင်္ဂလီမူဆလင်အများဆုံးနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းတွင်တည်ရှိနေပြီး တက္ကသိုလ်သို့ သွားရာလမ်းတစ်လျှောက်တွင်လည်း ဘင်္ဂလီမူဆလင်များနေထိုင်သော ရပ်ကွက်၊ ကျေးရွာများကို ဖြတ်သန်းသွားရသဖြင့် ၄င်းကျေးရွာများကို မရွှေ့ပြောင်းပေးနိုင်ပါက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအနာဂတ်မှာ အလွန်တရာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ယင်းတက္ကသိုလ်ကျောင်းသား ပြောပြချက်အရ သိရှိရသည်။ မူရင်းအတိုင်းမှ ကူးယူဖော်ပြလိုက်ပါသည်။



အများပြည်သူ/ရဟန်းရှင်/လူများ သိရှိစရန် ရခိုင့်တက္ကသိုလ်ကျောင်းသူ/ သားများ၏ သဘောထားထုတ်ပြန်ကြေငြာချက်



ရက်စွဲ၊ ၂၃.၇.၂၀၁၂



၁။ စစ်တွေမြို့၌ အကြမ်းဖက်မှုများဖြစ်ပွားရခြင်း၏ ကနဦးအကြောင်းရင်းမှာ ဘင်္ဂါလီမျိုးမြောက်မြားစွာ နေထိုင်ရာ ဘုမေ၊ ဘုမေလက်သမားကျေးရွာနှင့် စစ်တွေသက္ကသိုလ်အနီးတဝိုက်ရှိ ဘင်္ဂါလီအကြမ်းဖက်များက မန်စီသုဿန်သို့သွားရာလမ်း၌ ရခိုင်လူမျိုးတို့၏ နာရေးယာဉ်တန်းအား အကြမ်းဖက်စတင်တိုက်ခိုက်ရာမှ ဖြစ်ပွားရခြင်းဖြစ်ပါသည်။

၂။ ၄င်းအကြမ်းဖက်မှုကြောင့် စစ်တွေတက္ကသိုလ်မှ ဆရာ/မများသည် လုံခြုံရေးအကူအညီဖြင့် အသက်လု ရှောင်တိမ်းထွက်ခွာလာခဲ့ရပါသည်။

၃။ သို့သော် ယနေ့အချိန်အထိ ဘင်္ဂါလီအကြမ်းဖက်သမားများသည် ဘုမေနှင့် ဘုမေလက်သ မားကျေးရွာများ၌ နေထိုင်နေကြဆဲဖြစ်သည့်အတွက် စစ်တွေတက္ကသိုလ်အား ပြန်လည်ဖွင့်လှစ်ခြင်းမှာ ကျောင်းသူ/သားများအား လူစိတ်မရှိသူများလက်ထဲသို့ ထိုးအပ်လိုက်သလိုဖြစ်နေပါ၍ စိုးရိန်စရာ ဖြစ်နေပါသည်။

၎။ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေသော ချိန်ခါသမယတွင် တက္ကသိုလ်ကျောင်းသူ/သားများ ပညာမဆည်းပူးရမှုသည် နိုင်ငံတော်သစ်ဆီသို့ ချီတက်နေခိုက်တွင် လွန်စွာ နှေင့်နှေးစေသည်မှာ အမှန်ပင်ဖြစ်ပါသည်။

၅။ ကျောင်းသူ/သားများ နစ်နာမှုသည် ရခိုင်ပြည်နယ်တစ်ခုတည်း နစ်နာမှုမဟုတ်ဘဲ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ နစ်နာမှုတစ်ခုဟု ကျွန်ုပ်ရှုမြင်သုံးသပ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်နစ်နာမှု မရှိစေရန် ရခိုပြည်နယ်ရှိ တက္ကသိုလ်ကျောင်းသူ/သားများ ခလုံခြုံစိတ်ချစွာဖြင့် ပညာဆက်လက်သင်ယူ နိုင်ရန်လည်း အထူးလိုအပ်ပါသည်။

၆။ ထိုသို့ မဟုတ်ပါက ၂၀၁၂- ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့ နည်းပညာတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်လုမျိုးကဲ့သို့ နောက်ထပ်နည်းပညာတက္ကသိုလ်နှင့် စစ်တွေတက္ကသိုလ်ကျောင်းသွားရာလမ်းများ၌ ဖြစ်ပွားလာနိုင်ပါသည်။

၇။ တက္ကသိုလ်များအားဖွင့်လှစ်ပြီး ပညာဆည်းပူးခွင့်ရရန် ဆောင်ရွက်နေကြသည့် တာဝန်ရှိပုဂ္ဂိုလ်များအား ကျေးဇူးတင်ရှိကြောင်းပြောလိုသော်လည်း ဘင်္ဂါလီအကြမ်းဖက်သမား ဝိုင်းရံလျက်ရှိသော တက္ကသိုလ်များတွင် စိုးရိမ်သောကများစွာဖြင့် ပညာသင်ယူရန်မှာ မည်သို့မျှပင် မဖြစ်နိုင်ပါ။

၈။ သို့ဖြစ်ပါ၍ မြန်မာတိုင်းရင်းသားလည်းမဟုတ်၊ လူစိတ်လည်းမရှိ၊ လူကဲ့သို့နားမလည်သော အကြမ်းဖက်ဘင်္ဂါလီများကြောင့် အနာဂတ်၏ကြယ်ပွင့်များဖြစ်သည့် ကျောင်းသူ/သားများ၏ ပညာရေး မထိခိုက်စေရန် အောက်ပါအချက်အလက်များကို တောင်းဆိုအပ်ပါသည်။

(က) စစ်တွေတက္ကသိုလ်နှင့် အစိုးရနည်းပညာတက္ကသိုလ်(စစ်တွေ) သွားရာလမ်းတစ်လျှောက်နှင့် ကျောင်းပတ်ဝန်းကျင်ရှိ ဘင်္ဂါလီအကြမ်းဖက်မူဆလင်ကျေးရွာများအား နေရာရွှေ့ပြောင်း ပေးရန်။

(ခ) ဘင်္ဂါလီအကြမ်းဖက်မူဆလင်ကျေးရွာများအား ရွှေ့ြေ့ပာင်းပြီးချိန်မှ တက္ကသိုလ်များအား ပြန်လည်ဖွင့်လှစ်ရန်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template