Headlines News :
Home » »  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana လာရောက်မည်

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana လာရောက်မည်

Written By လွင့်မောင်မောင် on Thursday, July 26, 2012 | 8:02 AM

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့ လာမည့်ရက်သတ္တပတ်၌ လာရောက်မည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
၎င်းသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပြုပြင်ပြောင်းလဲမှု တိုးတက်မှုများကို လေ့လာအကဲခတ်ရန် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
Tomás Ojea Quintana သည် မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အပါအ၀င် အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်များသို့ သွားရောက်လေ့လာနိုင်ရန်လည်း တောင်းဆိုထားကြောင်း သိရသည်။
၎င်းသည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် သြဂုတ်လက ပထမဆုံးလာရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ် မေလမှစ၍ စတင်ဆောင်ရွက်နေသည်။
၎င်းသည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်ခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း လာရောက်ခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် အထွေထွေညီလာခံတွင် အစီရင်ခံစာ နောက်တစ်စောင် မတင်သွင်းခင် မြန်မာနိုင်ငံကို နောက်တစ်ကြိမ် လာရောက်နိုင်ရန် မျှော်လင့်ကြောင်း ၎င်းကသတင်း ထောက်များအား ပြောကြားခဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template