Headlines News :
Home » , » ထားဝယ်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနှင့် ထိုင်း ဆက်လက်လုပ်ဆောင်မည်

ထားဝယ်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနှင့် ထိုင်း ဆက်လက်လုပ်ဆောင်မည်

Written By လွင့်မောင်မောင် on Tuesday, July 24, 2012 | 9:17 AM




ဘန်ကောက်၊ ဇူလိုင် - ၂၃

စီးပွားရေးဆက်ဆံမှု ပိုမိုအားကောင်းခိုင်မာရေး အဓိကထား၍ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးပွဲတွင် ကန်ဒေါ်လာသန်းပေါင်းထောင်ချီကုန်ကျမည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်လုပ်ဆောင်သွားရန် ထိုင်းနှင့် မြန်မာတို့က သန္နိဋ္ဌာန်ချမှတ်ခဲ့ကြသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲရေး၏ အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး ထိုင်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများအတွက်အိန္ဒိယသမုဒ္ဒရာနှင့် အနောက်နိုင်ငံဈေးကွက်များအတွက် စီးပွာရေးလမ်းကြောင်းသစ်တစ်ခု ဖွင့်လှစ်နိုင်မည့်ထွက်ပေါက်ဖြစ်လာနိုင်သည်။

ထားဝယ်တွင် အထူးစီးပွားရေးဇုန်တစ်ရပ် ထူထောင်သွားရေးအတွက် နှစ်နိုင်ငံကြား ဇူလိုင် ၂၃ ရက်တွင် နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုးခဲ့ပြီး ယင်းအတွက် ထိုင်းနိုင်ငံက လိုအပ်သော ကဏ္ဍများတွင် အကူအညီပေးရန်သဘောတူညီခဲ့သည်။ ယင်းကဏ္ဍများတွင် လုံခြုံရေး၊ အခြေခံအဆောက်အအုံ၊ စက်ပစ္စည်းနှင့် သယ်ယူပို့ဆောင်ရေးပံ့ပိုးပေးခြင်းများလည်းပါဝင်သည်။

နှစ်နိုင်ငံကြားတွင် ဆက်စပ်နေသောကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ၀န်ကြီးအဆင့်ဆက်သွယ်မှုများ ထူထောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသို့အလည် အပတ်ရောက်ရှိနေသော မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ခ်ရှင်နာ ၀ပ်ကပြောကြားသည်။

“ကျွန်မတို့ရဲ့ ဆွေးနွေးမှုတွေမှာ ထားဝယ်ဆိပ်ကမ်းတည်ဆောက်ရေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့တိုးတက်မှုတွေရရှိအောင် မြန်မာနိုင်ငံနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားဖို့ ထိုင်းအစိုးရရဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ထပ်မံအတည်ပြုခဲ့ပါတယ်”ဟု မစ္စယင်လပ်ခ်က ပြောကြားသည်။

ထားဝယ်စီမံကိန်းမှာ စတုရန်းကီလိုမီတာ ၂၅၀ ကျယ်ဝန်းပြီး သံမဏိစက်ရုံ၊ ရေနံဓာတုစက်ရုံနှင့် ရေနံချက်စက်ရုံများ ပါဝင်သည်။ ယင်းစီမံကိန်းအား ထိုင်းစက်မှုလုပ်ငန်းကုမ္ပဏီကြီးဖြစ်သော အီတာလျံ-ထိုင်းက ဦးဆောင်အကောင်အထည်ဖော်နေပြီး ရန်ပုံငွေရှာဖွေရေးတွင် ပြဿနာရှိနေသည်ဟု ဆိုသော်လည်း စီမံကိန်းမှာ အစီအစဉ်အတိုင်း ဆက်သွားနေသည်ဟု ထိုင်းကုမ္ပဏီကပြောကြားသည်။ သို့သော် ထားဝယ်တွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၄၀၀၀ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအား မြန်မာအစိုးရက ယခုနှစ် စောစောပိုင်းတွင် တားဆီးခဲ့ရာမှ ဆိပ်ကမ်းတည်ဆောက်ရေးအပေါ် သံသယပွားခဲ့ကြသည်။

သမ္မတဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ ရက်တွင် ထိုင်းပင်လယ်ကွေ့ရှိ လမ်ချာဘန်းရေနက်ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ယင်းဆိပ်ကမ်းနှင့်ထားဝယ်ဆိပ်ကမ်းအား ကုန်းလမ်းမှ လမ်းဖောက်ဆက်သွယ်သွားမည်ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကြား လက်ရှိနယ်စပ်ဂိတ်များအပြင် ချင်းမိုင်၊ မဲဟောင်ဆောင်နှင့် ကန်ချာနာဘူရီဒေသများ၌ နယ်စပ် ဂိတ်အသစ်များ ထပ်မံဖွင့်လှစ်သွားရန်ကိုပါ သဘောတူညီခဲ့ကြသည်။

ကိုးကား -AFP , 7 Day News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template