Friday, 27 July 2012 11:17 |
လွှတ်တော်တွင်း ပြည်သူလူထု၏ ဆန္ဒကို အပြည့်အ၀ ကိုယ်စားမပြုနိုင်ခြင်း၊ အချိုးညီသည့် ကိုယ်စားပြုမှု မဖြစ်ခြင်း၊ ပါတီစုံစနစ် ပပျောက်သွားနိုင်ခြင်းနှင့် ရွေးကောက်ခံ အာဏာရှင်စနစ်အဖြစ်သို့ ရောက်ရှိသွားနိုင်ခြင်း တို့ကြောင့် လက်ရှိကျင်းပနေသည့် ရွေးကောက်ပွဲ ကျင်းပပုံစနစ်ကို ပြောင်းလဲရန်အတွက် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက အဆိုပါစာတမ်းကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်၌ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတို့ တွေ့ဆုံခဲ့စဉ်က အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက အချိုးကျ ကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးလျှင် သင့်တော်မည်ဟု အကြံပြုတင်ပြခဲ့သည်။ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ ပါဝင်သည်။ |
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago