Headlines News :
Home » » ကျောင်းဆောင်ပြိုကျ၍ ကျောင်းသူ၊သား ၃၀ဦး ဒဏ်ရာရ

ကျောင်းဆောင်ပြိုကျ၍ ကျောင်းသူ၊သား ၃၀ဦး ဒဏ်ရာရ

Written By လွင့်မောင်မောင် on Monday, July 23, 2012 | 8:12 PM



သက်ပြည့် ပင်စင်ယူမည့် ကျောင်းအုပ် ဆရာကြီးကိုနှုတ် ဆက်စဉ် ကျောင်းဆောင်
 ပြိုကျ၍ ကျောင်းသူ၊ သား ၃၀ဦး ဒဏ်ရာရ

မုံရွာ- ဇူလိုင် ၂၃
မုံရွာမြို့ ၊ဒေါနခြံရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်
ဆရာကြီး ဦးဝင်းဖေသည် ပင်စင်(သက်ပြည့်) ယူမည်ဖြစ် သဖြင့် ကျောင်းသားကျောင်းသူ
များနှင့်ဆရာဆရာမများ ကျောင်းအုပ်ဆရာကြီးရုံးခန်းသို့အသွား ပင်မဆောင် အနောက်
ထိပ်န၀မတန်းအဆောင်ရှေ့အရောက်တွင်ကျောင်းဝရံတာပြိုကျသဖြင့်ကျောင်းသား
 ကျောင်းသူ(၃၀)ခန့်နှင့်ကျောင်းဆရာတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရှိရသည်။

“ပုံမှန်ရက်တွေမှာဒီဝရံတာကလူအများသွားလာတာမရှိပါဘူး။ဒီနေ့ကျောင်းအုပ်ဆရာ
ကြီးနှုတ်ဆက်ဖို့ကျောင်းသားကျောင်းသူတွေအသွားများတော့ပြိုကျသွားတယ်။ဝရံတာ
မှာခြပုန်းတွေတက်နေတာကြာပြီဆိုတော့ဆွေးမြေ့ပြီးပြိုကျသွားတာပါ။

ထိခိုက်ဒဏ်ရာရတဲ့ကျောင်းသားကျောင်းသူတွေအားလုံးဆေးဝါးကုသမှုခံယူနေပါ
တယ်”ဟုအ.ထ.က(၂) မှကျောင်းဆရာမတစ်ဦးကပြောသည်။

အဆိုပါပင်မကျောင်းဆောင်ဝရံတာပြိုကျပျက်စီးမှုကြောင့်ကျောင်းဆရာတစ်ဦးနှင့်
 ကျောင်းသားကျောင်းသူ၃၀ခန့်ဒဏ်ရာရရှိပြီးမုံရွာပြည်သူ့ဆေးရုံကြီးတွင်းအတွင်း
လူနာအဖြစ်ကျောင်းသားကျောင်းသူ(၂၉)ဦးပြင်ပလူနာ အဖြစ်(၂)ဦးဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းသတင်းရရှိပါသည်။

မုံရွာမြို့တွင် အထက်တန်းကျောင်း ၃ကျောင်းရှိပြီး အထက ၂သည် ဒေါနခြံရပ်ကွက်၊ မုံရွာပြည်သူ့ဆေးရုံကြီး ဘေးကပ်လျှက်တွင် တည်ရှိသည်။

ဓာတ်ပုံ- မျိုးမင်းဦး
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template