Headlines News :
Home » » တောင်တက်သမားနှစ်ဦးပျောက်ဆုံးနေသော ခါကာဘိုရာဇီတောင်တက်အဖွဲ့ ရာသီဥတု အန္တရာယ်နှင့် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရ

တောင်တက်သမားနှစ်ဦးပျောက်ဆုံးနေသော ခါကာဘိုရာဇီတောင်တက်အဖွဲ့ ရာသီဥတု အန္တရာယ်နှင့် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရ

Written By လွင့်မောင်မောင် on Monday, September 22, 2014 | 2:46 PM

 
ရန်ကုန် စက်တင်ဘာ ၂၁

အရှေ့တောင်အာရှနှင့် မြန်မာ နိုင်ငံ၏ အမြင့်ဆုံးတောင်ဟု သတ်မှတ်ခဲ့ကြသော ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက်ခဲ့ ပြီး ပြန်လည်ရောက်ရှိလာသည့် တောင်တက်သမား အထောက် အကူပြုအဖွဲ့သည် တောင်တက်စဉ် ကာလအတွင်း ဆိုးရွားလှသော ရာသီဥတုအန္တရာယ်နှင့် အခက်အခဲ မျိုးစုံ ကြုံတွေ့ခဲ့ရကြောင်း ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမ ၌ ပြုလုပ်သည့် မီဒီယာရှင်းလင်းပွဲ တွင် ပြောကြားသည်။

သဘာဝခေါ်သံ ဖောင်ဒေးရှင်း တက္ကသိုလ်ခြေလျင်နှင့် တောင် တက်အသင်းမှ ခါကာဘိုရာဇီ တောင် ထိပ်သို့ တက်ရောက်ခဲ့သည့် တောင် တက်သမားနှစ်ဦးနှင့် အထောက် အကူပြုအဖွဲ့ဝင် ခြောက်ဦး စုစု ပေါင်း ရှစ်ဦးသည် ရန်ကုန်မြို့မှ ဇူလိုင် ၂၇ ရက်မှ စတင်ကာ အရှေ့တောင်အာရှနှင့် မြန်မာ နိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်ဟု သတ်မှတ်ထားကြသည့် မြန်မာ နိုင်ငံ၏ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက် ခဲ့ကြသည်။ အဆိုပါ ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်ရောက်ခဲ့သည့် တောင်တက်အသင်းခေါင်းဆောင် ကိုအောင်မြင့်မြတ်နှင့် အသင်းမန်နေ ဂျာ ကိုဝေယံမင်းသူတို့သည် ဩဂုတ် ၂၂ ရက် နံနက် ၇ နာရီ၂၀ မိနစ် တွင် ခါကာဘိုရာဇီတောင်ခြေ Base Camp အမြင့်ပေ ၁၃၂၀၀ မှ စတင် တက်ရောက်ခဲ့ရာ ကိုးရက်မြောက်ဩဂုတ် ၃၁ ရက် ညနေ ၄ နာရီ ၂၅ မိနစ် တွင် တောင်ထိပ်သို့ရောက်ရှိပြီး Base Camp မှ အထောက်အကူပြု အဖွဲ့နှင့် ဆက်သွယ်ကာ နိုင်ငံတော် အလံစိုက်ထူ၍ နိုင်ငံတော်သီချင်း ဆိုခဲ့ပြီး ပြန်လည်အဆင်းတွင် ယခု ကဲ့သို့ ပျောက်ဆုံးသွားခြင်းဖြစ် ကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းဥက္ကဋ္ဌ ဦးမျိုးသန့် က ပြောကြားခဲ့သည်။

“ အခုပျောက်ဆုံးနေတဲ့ အသင်း ခေါင်းဆောင် အောင်မြင့်မြတ်နဲ့ မန်နေဂျာ ဝေယံမင်းသူတို့ဟာ မတက်ခင်ကတည်းက မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာ ဘိုရာဇီတောင်ထိပ်ကို အခြားတောင် တက်သမားတွေ မတက်နိုင်တဲ့ မတ်စောက်တဲ့ မြောက်ဘက်ကနေ တက်ပြီး နိုင်ငံတော်အလံစိုက်ထူ အောင်ပွဲခံဖို့ ရည်ရွယ်တက်ခဲ့ကြ တာပါ။ သူတို့နှစ်ဦး အပေါ်ရောက် တဲ့ ဩဂုတ် ၃၁ ရက် ညနေမှာပဲ Base Camp မှာရှိတဲ့ အထောက် အကူပြုအဖွဲ့နဲ့ အောင်မြင်ကြောင်း၊ နိုင်ငံတော်အလံ စိုက်ထူပြီးကြောင်း နဲ့ အခုနိုင်ငံတော်သီချင်း အတူ ဆိုကြမယ်ဆိုပြီး ဆိုခဲ့ကြပါသေး တယ်။ အဲဒီနောက် သီချင်းဆိုပြီး ပြန်အဆင်းမှာ ဆက်သွယ်ရေးစကား ပြောစက် အားမရှိတော့ဘူးဆိုပြီး အဆက်အသွယ်ပြတ်တောက်သွား ခဲ့တာပါ”ဟု သတင်းစာရှင်းလင်းပွဲ တွင် မီဒီယာများအား ပြောကြား ခဲ့သည်။

ယခုအခါပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးအား ထူး ဖောင်ဒေးရှင်းမှအဓိက ကူညီပံ့ပိုး မှုတို့ဖြင့် ဂျပန်၊ အမေရိကန်၊ ထိုင်း၊ တရုတ်နှင့် နီပေါနိုင်ငံတို့မှ တောင် တက်အတွေ့အကြုံကောင်းများရှိ သည့် တောင်တက်သမားများဖြင့် မြေပြင်ရော၊ ဝေဟင်ကပါ ရှာဖွေမှု များ ပြုလုပ်လျက်ရှိသော်လည်း ပျောက်ဆုံးသည့်နေ့မှ ယနေ့ ၂၁ ရက်ပြည့်သည်အထိ သတင်း တစ်စုံတစ်ရာ ထူးခြားမှုမရှိသေး ကြောင်း သိရှိရသည်။

“သူတို့နှစ်ဦး ဩဂုတ် ၂၂ ရက် က Base Camp ကနေ စတက် သွားတာ ဩဂုတ် ၃၁ ရက် ညနေ အထိ ကိုးရက်တောင်ကြာတယ်။ အဲဒီညနေမှာပဲ ကျွန်တော်တို့နဲ့ ဆက်သွယ်တယ်၊ အလံစိုက်ထူ၊ သီချင်းဆိုကြတယ်။ ပြီးတော့ အားကုန်ပြီဆိုပြီး အဆက်အသွယ် ပြတ်သွားတာပဲ။ သူတို့မှာ ရိက္ခာ ကတော့ ခုနစ်ရက်စာပါသွားတာပဲ။ ချွေတာစားမယ်ဆိုရင်တော့ ၁၅ ရက် စာလောက်တော့ စားရပါတယ်။ ဒါပေမယ့် အခုဟာ ၂၁ ရက်တောင် ရှိနေပြီ။ ဒီတောင်တက်ရတာ အခက် အခဲအန္တရာယ်ကတော့ သိပ်များ တယ်။ ကျွန်တော်တို့တောင်ခြေ Base Camp လိုက်ပို့တဲ့အထိ လမ်း ခရီးမှာ ကျောက်တုံး၊ ကျောက်ခဲ တွေက အတော်ကို ပြိုကျပြုတ်ကျ တယ်။ ရေခဲတုံးတွေလည်းပါတယ်။ တစ်နာရီကို အနည်းဆုံး သုံး၊ လေး ကြိမ်လောက်တော့ ပြုတ်ကျတယ်။ ကျွန်တော်တို့တောင် ရာသီဥတု အန္တရာယ်တွေနဲ့ အခက်အခဲအမျိုး မျိုးတွေ ကြုံတွေ့ခဲ့ကြရတယ်။ ခရီးက အတော်ကို ကြမ်းပါတယ်” ဟု အထောက်အကူပြုအဖွဲ့တွင် ပါဝင်ခဲ့သည့် တောင်တက်သမား တစ်ဦးက ပြောကြားသည်။

ယခု ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦး ဖြစ်သည့် ခြေလျင်နှင့် တောင်တက်အသင်း ခေါင်းဆောင် အောင်မြင့်မြတ်နှင့် မန်နေဂျာ ဝေယံမင်းသူတို့ တက် ရောက်ခဲ့သည့် မြန်မာနိုင်ငံ၏ အမြင့် ဆုံးပေ ၁၉၂၀၀ ကျော် မြင့်သော ခါကာဘိုရာဇီတောင်ထိပ်သို့ ကမ္ဘာ့ တောင်တက်သမားတစ်ဦးဖြစ်သည့် ဂျပန်နိုင်ငံသားအိုဇာကီသည် ၂၀၀၆ ခုနှစ်က တက်ရောက်ခဲ့ရာတွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင် ဖြစ်သည့် ခါကာဘိုရာဇီတောင် သည် တောင်တက်သမားများ အတွက် အလွန်အန္တရာယ်များပြီး အလွန်ခက်ခဲသည့် တောင်ဖြစ် ကြောင်း။ ၎င်းအနေဖြင့် ခါကာဘိုရာဇီတောင်ကို နောက်နောင် လုံးဝတက်ရောက်ရန် မဝံ့ရဲတော့ ကြောင်း ပြောကြားသွားခဲ့သည် ဟု သိရသည်။

MOI Webportal Myanmar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template