Headlines News :
Home » » မော်လမြိုင် အ.ထ.က (၁) ကျောင်းအုပ်ကြီး အ.လ.က ကျောင်းအုပ်အဖြစ် ရာထူးပြောင်းရွှေ့ခံရ

မော်လမြိုင် အ.ထ.က (၁) ကျောင်းအုပ်ကြီး အ.လ.က ကျောင်းအုပ်အဖြစ် ရာထူးပြောင်းရွှေ့ခံရ

Written By လွင့်မောင်မောင် on Wednesday, September 24, 2014 | 8:03 AM


|Dawei Watch| မော်လမြိုင်၊ စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊ မော်လမြိုင် အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်အား သံဖြူဇရပ်မြို့နယ်၊ ဝါခရူ အ.လ.က ကျောင်းအုပ်ဆရာမကြီးအဖြစ်သို့ ရာထူးပြောင်းရွှေ့ ခန့်အပ်ခဲ့ကြောင်း မွန်ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်သည် ကျောင်းမှ ဆရာ၊ ဆရာမများကို အဂါရ၀ ဖြစ်စေသော အပြုအမူများ ပြုလုပ်သည်ဟုဆိုကာ သြဂုတ်လဆန်းပိုင်းက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့်ကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးရာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့် လွဲချော်မှုရှိသည်ဟု တွေ့ရှိရကြောင်း မွန်ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးက ပြောသည်။  
“လုပ်ထုံးလုပ်နည်းများအတိုင်း ပွင့်လင်းထင်သာမြင်သာစွာ ဆောင်ရွက်ထားပါတယ်”ဟု ၎င်းက ပြောသည်။
ယင်းသို့ ပြောင်းရွှေ့ခန့်အပ်ကြောင်း ပြန်တမ်းကို စက်တင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ကျောင်းအုပ်ဆရာမကြီးသည် အစည်းအဝေးအခန်းတွင်း ၄င်းတစ်ဦးတည်းသာ ထိုင်ခုံပေါ်တွင် ထိုင်ပြီး ဆရာ ဆရာမများအား ကြမ်းပြင်တွင် ထိုင်နေရခြင်းဓာတ်ပုံ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည့်ကိစ္စနှင့် ဆရာမနှစ်ဦးအား လူအများရှေ့တွင် စိတ်ထိခိုက် အောင် ပြောဆိုခဲ့သည်ဟု သြဂုတ်လဆန်းပိုင်းခန့်က စွပ်စွဲချက်များ ပေါ်ထွက်ခဲ့ပြီး ပြည်တွင်းသတင်းမီဒီယာများတွင်လည်း ဖော်ပြခဲ့သည်။
ယင်းကိစ္စများနှင့် ပတ်သက်ပြီး စုံးစမ်းစစ်ဆေးမှုကို သြဂုတ်လ ၅ ရက်နေ့က စတင် ပြုလုပ်ခဲ့သည်ဟု မော်လမြိုင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းနွဲ့က ပြောသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်ကမူ ၎င်းအနေဖြင့် ဆရာ ဆရာများအပေါ် ထိခိုက် နစ်နာစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြောဆိုခဲ့ခြင်းမဟုတ်ဘဲ မိမိကျောင်းစည်းကမ်း၊ ကျောင်းပညာရေးအောင်ချက် ကောင်းမွန်လာစေလိုသည့် ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ လုပ်ဆောင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ်က ပြောခဲ့သည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်သည် ၂၀၁၃ ခုနှစ်တွင် ကျိုက်မရောမြို့မှ မော်လမြိုင်မြို့ အ.ထ.က  (၁) သို့ ပြောင်းရွေ့လာခဲ့ပြီး ယခင်က ကျောင်းအောင်ချက်ကျဆင်းနေသည့် မော်လမြိုင်မြို့ အ.က.ထ (၁) သည် ဆရာမကြီး ရောက်ရှိလာသည့်နှစ်တွင် ၁၀ တန်းအောင်ချက်သည် ၄၉.၁ ရာခိုင်နှုန်းထိ ကောင်းမွန်လာခဲ့သည်ဟု သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template