Headlines News :
Home » » တောင်တက်သမားများ ရိက္ခာအပြည့်အစုံပါရင် အသက်ရှင်နိုင်ဟုဆို

တောင်တက်သမားများ ရိက္ခာအပြည့်အစုံပါရင် အသက်ရှင်နိုင်ဟုဆို

Written By လွင့်မောင်မောင် on Monday, September 22, 2014 | 2:26 PM

 
ခါကာဘိုရာဇီတောင်တက်တဲ့ တောင်တက်သမားတွေဟာ ပစ္စည်းနဲ့ ရိက္ခာအပြည့်အစုံ ပါသွားရင် တောင်ပေါ်မှာ တလအထိ အသက်ရှင် နေနိုင်တယ်လို့ ခြေလျင်နဲ့ တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောပါတယ်။

ပျောက်ဆုံးနေ တဲ့ တောင်တက် သမား နှစ်ဦးဖြစ်တဲ့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်း သူတို့ နှစ်ဦးအတွက် ရန်ကုန်မှာ စက်တင်ဘာ ၂၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြော ဆိုလိုက်ပါတယ်။

တောင်တက်သမား ၂ ဦးအနေနဲ့ တောင်ထိပ်ပေါ်ကနေ ချော်ကျတာ ဖြစ်နိုင်သလို၊  ချောက်ကမ်းပါးတွေထဲ ကျသွားတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တောင်တက်သမား ၂ ဦးနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာ ဒီကနေ့ တနင်္လာနေ့ဆိုရင် ရက်ပေါင်း ၂၃ ရက် ရှိသွားပြီဖြစ်ပါတယ်။

လောလောဆယ်မှာ အမေရိကန်က တောင်တက်သမားတွေ အပါအ၀င် အမြင့်ပေ ၂ သောင်းအထိ ပျံနိုင်တဲ့ ရဟတ်ယာဉ်တွေနဲ့ စက်တင်ဘာ ၂၇ ရက်နေ့အထိ နောက်ဆုံးထား ရှာဖွေ နေပါတယ်။

By ဒီဗွီဘီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template