Headlines News :
Home » , » မော်လမြိုင်တွင် ဗိုလ်မှူး အယောင်ဆောင်သူကို အမှုဖွင့် အရေးယူ

မော်လမြိုင်တွင် ဗိုလ်မှူး အယောင်ဆောင်သူကို အမှုဖွင့် အရေးယူ

Written By လွင့်မောင်မောင် on Saturday, September 27, 2014 | 9:28 AM

|Dawei Watch | မော်လမြိုင် ၊ စက်တင်ဘာ ၂၄
မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် ဗိုလ်မှူး အဆင့်တံဆိပ် ယူနီဖောင်း ၀တ်ဆင်ထားသည့် ဗိုလ်မှူးအယောင်ဆောင် တစ်ဦးကို  စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဒိုင်းဝန်ကွင်း ရဲစခန်းမှ ဖမ်းမိခဲ့ကြောင်း မုတ္တမရဲစခန်းမှ သိရသည်။
ဖမ်းဆီးရမိသူမှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် တရားရုံးတွင် ဖမ်းဝရမ်း ထုတ်ထားသည့် ကျော်မျိုးနိုင် (ခ) ကျော်ကျော်ဖြစ်ပြီး ၄င်းကို ဖမ်းဆီချိန်တွင် ဟွန်ဒါဖစ် ခဲပြာရောင် မော်တော်ယာဉ် လိုင်စင်မဲ့ယာဉ်နှင့် အတူဖမ်းဆီရမိကြောင်း အထက်ပါ ရဲစခန်းက ပြောသည်။
ခမရ ၁၀၂ မှ ဗိုလ်ကြီး သက်ထူးဇင် ဆိုသူက တယ်လီဖုန်းဖြင့် အကြောင်းကြားသဖြင့် သွားရောက် ဖမ်းဆီခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြသည်။
ဖမ်းဆီရမိသူ ကျော်ကျော်သည် တပ်မတော်မှ ဗိုလ်ကြီး တစ်ဦးမဟုတ်ဘဲ့ ရန်ကုန်တိုင်းဒေသကြီးမှ တရားရုံး ပြစ်မှုကြီး အမှတ် ၂၅/၂၀၁၄ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ နှင့် ပြစ်မှုကြီး အမှတ် ၂၇၆/၂၀၁၄ ပို့ကုန်သွင်းကုန် ပုဒ်မ ၈ ဖြင့် တရားရုံးက ဖမ်းဝရမ်းထုတ်ထားသည့် သူဖြစ်ကြောင့် ရဲစခန်း သက်သေထွက်ချက် အရသိရသည်။
လက်ရှိတွင် ကျော်မျိုးနိုင်(ခ) ကျော်ကျော်ကို (ပ) ၉၈/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၁၇၀/ ၁၇၁ အရလည်းကောင်း၊ (ပ)၉၉/၂၀၁၄ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရလည်းကောင်း မုတ္တမစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template