မြန်မာနိုင်ငံမှာ Al-Qaeda အဖွဲ့ရဲ့ အကြမ်းဖက်မှု ခံရနိုင်တဲ့အတွက်
ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာ လုံခြုံရေး တိုးချဲ့ချထားကြောင်း
သိရပါတယ်။
အထူးသဖြင့် ရွှေတိဂုံလို အထင်ကရ ဘာသာရေး အဆောက်အဦးတွေမှာ လုံခြုံရေး
တင်းကြပ်ထားကြောင်း ရန်ကုန်တိုင်းနယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဌာနက
ပြောပါတယ်။
ကင်းလှည့်မှုတွေ ပိုမိုလုပ်ဆောင်ထားသလို၊ အဝင်အဝတွေမှာလည်း စစ်ဆေးမှုတွေ
လုပ်နေပြီး CCTV ကင်မရာကနေတဆင့် ခါတိုင်းထက် ပုံမှန် ကြည့်ရှု
စစ်ဆေးမှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။
သင်္ကာမကင်းမှုတွေ တွေ့ခဲ့ရင်လည်း အကြောင်းကြားဖို့ ညွန်ကြားထားပါတယ်။
မကြာသေးခင်တုန်းကပဲ Al-Qaeda ခေါင်းဆောင်က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့
အိန္ဒိယလို နိုင်ငံမျိုးမှာ လှုပ်ရှားမှုတွေ တိုးချဲ့ လုပ်ဆောင်
သွားမယ်လို့ ပြောခဲ့ပါတယ်။
Al-Qaeda အဖွဲ့ ခေါင်းဆောင်ရဲ့ ပြောကြား ချက်ကို မြန်မာ မွတ်စလင်များ
အသင်းက ရှုတ်ချ ထားတဲ့အကြောင်း ရှင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
ABC Radio Australia