Headlines News :
Home » » သြစီ၊ ကန်နဲ့ ဥရောပ ပြည်သူတွေကိုပါ သတ်ပစ်ဖို့ IS တိုက်တွန်း

သြစီ၊ ကန်နဲ့ ဥရောပ ပြည်သူတွေကိုပါ သတ်ပစ်ဖို့ IS တိုက်တွန်း

Written By လွင့်မောင်မောင် on Wednesday, September 24, 2014 | 7:59 AM


သြစတြေးလျနိုင်ငံအပါအဝင် ဘာသာပတွေကို သတ်ပစ်ဖို့ ISIS အဖွဲ့တိုက်တွန်း (Credit: AFP)

ISIS ​လို့ခေါ်တဲ့ ​အစ္စလာမ်မစ်နိုင်ငံ ​တည်ထောင်သူတွေက ​သြစတြေးလျ၊ ​အမေရိကန်၊ ​ကနေဒါနဲ့ ​ဥရောပတိုက်က ​မွတ်စလင်ဘာသာ ​မဟုတ်သူတွေကို ​သတ်ပစ်ဖို့ ​ကမ္ဘာပေါ်က ​သူတို့အဖွဲ့ကို ​ထောက်ခံသူတွေကို ​ပန်ကြားလိုက်ပါတယ်။

အနောက်တိုင်းနိုင်ငံတွေအပေါ် ​စစ်ခင်းကြောင်း ​အတိအလင်းပြောကြားတဲ့ ​အသံဖိုင်ထဲမှာ ​ISIS ​အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ​Abu ​Muhammad ​al-Adnani ​ash-Shami ​က ​ပြောခဲ့တာပါ။

အမေရိကန် ​ဒါမှမဟုတ် ​ဥရောပက ​တိတ္ထိကောင်တွေ၊ ​မုန်းဖွယ်ကောင်းပြီး ​အသုံးမကျတဲ့ ​ပြင်သစ် ​ဒါမှမဟုတ် ​သြစတြေးလျ၊ ​ကနေဒါ ​နဲ့ ​တခြား ​ဘာသာပတွေကို ​သတ်ပစ်နိုင်မယ်ဆိုရင် ​အာလာ ​ဘုရားရှင်ကို ​အားကိုးပြီး ​တတ်နိုင်တဲ့နည်းနဲ့ ​သတ်ဖြတ်ဖို့ ​al-Adnani ​က ​အသံဖိုင်ထဲမှာ ​ပြောဆိုထားပါတယ်။

အနောက်တိုင်း ​စစ်သားတွေသာမက ​သာမာန်ပြည်သူတွေ ​ဖြစ်နေပါစေ ​သတ်ပစ်ဖို့ ​တိုက်တွန်းထားပြီး ​ကိုယ့်ရဲ့ ​အစီအစဉ်နဲ့ ​ပတ်သက်ပြီး ​ဘယ်သူ့ကိုမှ ​အကြံညဏ်တောင်းစရာ၊ ​တိုင်ပင်စရာမလိုပဲ ​အကောင်အထည်ဖော် ​လုပ်ဆောင်ဖို့ ​ပြောထားပါတယ်။

အမေရိကန်နဲ့ ​နိုင်ငံတကာတပ်တွေက ​ISIS ​စစ်သွေးကြွတွေအပေါ် ​ထိုးစစ်ဆင်မှုတွေ ​ပိုမိုလုပ်လာပြီးတဲ့နောက် ​အခုလို ​တကမ္ဘာလုံးက ​မွတ်စလင်တွေအပေါ် ​ပန်ကြားချက် ​ထွက်ပေါ်လာတာပါ။

သြစတြေးလျ ​အစိုးရကတော့ ​ဒီလို ​ခြိမ်းခြောက်ပြောဆိုမှုတွေဟာ ​အထူးအဆန်း ​မဟုတ်ပေမယ့် ​တပ်လှန့်မှုတွေ ​ရှိဖို့ ​လိုတယ်လို့တော့ ​သြစတြေးလျ ​ရှေ့နေချုပ် ​George ​Brandis ​က ​တုန့်ပြန်ထားပါတယ်။

ISIL ​အဖွဲ့နဲ့ ​တခြား ​အကြမ်းဖက်အဖွဲ့တွေက ​အခုလိုမျိုး ​အနောက်တိုင်းတွေရဲ့ ​လွတ်လပ်မှုနဲ့ ​ဒီမိုကရေစီကျတဲ့ ​နေထိုင်မှုအပေါ် ​ရန်လိုတဲ့ ​ထုတ်ပြန်ချက်မျိုး ​ထုတ်ပြန်ဖူးတာရှိတယ်လို့လည်း ​ပြောပါတယ်။

အကြမ်းဖက် ​ပညာရှင် ​Greg ​Barton ​ကတော့ ​အဲဒီ ​အကြမ်းဖက်ခေါင်းဆောင် ​ပြောသွားတဲ့ ​အပြောအဆိုတွေဟာ ​ဓမ္မာကျမ်းစာဟောင်းက ​တမန်တော်တွေ ​ပြောသွားသလို ​ပြောဆိုတဲ့အတွက် ​ဆွဲဆောင်မှု ​ရှိမှာကို ​စိုးရိမ်မိတဲ့အကြောင်း ​အထူးသဖြင့် ​လူငယ်တွေနဲ့ ​သြစတြေးလျနိုင်ငံက ​လူငယ်တွေအပေါ် ​လွှမ်းမိုးသွားမှာကို ​စိုးရိမ်တယ်လို့ ​ပြောပါတယ်။

အခုဆိုရင် ​အရှေ့အလယ်ပိုင်းကို ​လာပြီး ​ပူးပေါင်းတိုက်ခိုက်ဖို့ ​ဖိတ်ခေါ်မှုတွေ ​မလုပ်ပဲ ​သူတို့နေထိုင်ရာ ​နိုင်ငံမှာ ​အကြမ်းဖက်မှုတွေ ​လုပ်ကြဖို့ ​တိုက်တွန်းတဲ့အတွက် ​သြစတြေးလျပြည်တွင်းမှာ ​အကြမ်းဖက်မှုတွေ ​ဖြစ်မှာကို ​စိုးရိမ်ရတယ်လို့လည်း ​ပြောပါတယ်။

By Dylan Welch - exclusive
ABC Radio Australia
ဒေါင်းမာန်ဟုန် - မှ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template