Headlines News :
Home » » ဆန္ဒပြ ဟိန္ဒားသတ္တုတွင်း အလုပ်သမားတွေ ကော်မတီ ဖွဲ့စည်း

ဆန္ဒပြ ဟိန္ဒားသတ္တုတွင်း အလုပ်သမားတွေ ကော်မတီ ဖွဲ့စည်း

Written By လွင့်မောင်မောင် on Sunday, November 16, 2014 | 4:24 PM

 hein-dar-min-305.jpg
 တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲမှာ ရှိတဲ့ ဟိန္နားသတ္တုတွင်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
 နိုဝင်ဘာ ၁၅ ထားဝယ်
တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာ မြို့နယ်ခွဲမှာရှိတဲ့ ဟိန္နားသတ္တုတွင်းမှာ ဆက်လက် ဆန္ဒပြနေတဲ့ အလုပ်သမား ၂၀၀ လောက်ဟာ အလုပ်ရှင် မြန်မာပွန်ပီပက်ကုမ္ပဏီနဲ့ ဆွေးနွေးနိုင်ဖို့ "ဟိန္ဒားအလုပ်သမားရေးရာ ကော်မတီ" ကို ဒီနေ့ ထားဝယ်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီကော်မတီက အလုပ်ရှင်နဲ့ တွေ့ဆုံပြီး အလုပ်ရှင်နဲ့ အလုပ်သမားစာချုပ်ချုပ်ဆိုဖို့ ညှိနှိုင်းသွားမယ်လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့က ကိုလေးလွင်က ပြောပါတယ်။

"လုပ်နိုင်ကိုင်နိုင်တဲ့လူတွေနဲ့ ပူးပေါင်းပြီးတော့ ဒီအရေးကို ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ဟိန္ဒားအလုပ်သမားရေးရာ ကော်မတီတစ်ခုဖွဲ့လိုက်တယ်၊ အင်္ဂါနေ့မှာ အလုပ်သမားခရိုင်ဦးစီးအရာရှိတို့ နဲ့ တွေ့မယ်၊ မူကြမ်းတောင်းမယ်"

ဒီဆန္ဒပြအလုပ်သမားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကတည်းက လုပ်ခလစာတိုးပေးဖို့၊ အချိန်ပိုကြေးတွေပိုပေးဖို့၊ ဆေးပေးခန်းတည်ဆောက်ပေးဖို့နဲ့ လမ်းတွေပြင်ပေးဖို့ အပါအဝင်အချက် ၇ ချက်နဲ့ ဆန္ဒပြတောင်းဆိုနေကြတာပါ။

ဆန္ဒပြအလုပ်သမားတွေ တောင်ဆိုထားတဲ့အချက်တွေထဲက လုပ်ခလစာအဖြစ် ကုမ္ပဏီက တစ်နေ့ကို ၁၅၀၀ ကျပ်တိုးပေးဖို့ သဘောတူခဲ့ပါတယ်။ အရင်က အလုပ်သမားတစ်ဦးရဲ့ နေ့စားလစာဟာ တစ်ရက် ၁၈၀၀ ကျပ်ကနေ ၃၈၀၀ ကျပ်အထိ ရရှိကြပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template