Headlines News :
Home » » KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးထိမှန်မှု ရည်ရွယ်ချက်ရှိရှိ ပစ်လိုက်ခြင်းမဟုတ်ကြောင်း ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ရှင်းလင်း

KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးထိမှန်မှု ရည်ရွယ်ချက်ရှိရှိ ပစ်လိုက်ခြင်းမဟုတ်ကြောင်း ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ရှင်းလင်း

Written By လွင့်မောင်မောင် on Friday, November 21, 2014 | 8:18 AM

KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးထိမှန်မှုမှာ ရည်ရွယ်ချက်ရှိရှိ ပစ်လိုက်ခြင်းမဟုတ်ကြောင်း ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က နိုဝင်ဘာ ၂ဝ ရက်တွင် မြစ်ကြီးနားမြို့၌ သတင်းထောက်များကို ရှင်းလင်းပြောကြားသည်။ 
 
နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၂ဝ မိနစ်ခန့်က  KIO ဗဟိုဌာနချုပ် ရုံးစိုက်ရာ လိုင်ဇာမြို့အနီးရှိ KIA  ဗိုလ်သင်တန်းကျောင်းသို့ တပ်မတော်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး KIA ဗိုလ်လောင်းသင်တန်းသား ၂၃ ဦးသေဆုံးခဲ့ပြီး သင်တန်းနည်းပြ ၂ဝ ဦး ဒဏ်ရာရရှိခဲ့သည်။ 
 
ထိုကိစ္စရပ်အပေါ် ကချင်ပြည်နယ် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးကြီး အောင်ကျော်ထွန်းတို့ပါဝင်သောအဖွဲ့က ရှင်းလင်းခဲ့ရာ၌ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
 
“မနေ့က ဖြစ်သွားတဲ့ အနေအထားကို ရှင်းပြချင်ပါတယ်။ ဆမား-ခါတ်ဂမ်လမ်းကြောင်းမှာ ဖြစ်ခဲ့တာပါ။ ၁၁ နာရီ ၄၅ မိနစ် မှာ လမ်းဖောက်နေတဲ့ ဒိုဇာနဲ့ လုံခြုံရေးတာဝန်ယူထားသူတွေကို လာရောက်ပစ်ခတ်တာ ရှိပါတယ်။ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ပွိုင့် ၁၁ဝ၃၊  LH  ၆၄ဝ၇၅၅ ကနေပြီး တိုက်ခိုက်ခဲ့ပါတယ်။ တပ်မတော်ကလည်း လက်လှမ်းမီရာနေရာတွေကို လက်နက်ကြီးတွေနဲ့ သတိပေးပစ်ခတ်ရာကနေပြီးတော့ KIA  တပ်စခန်းတစ်ခုအတွင်းကို ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။ ခါတ်ဂမ်းလမ်းက လမ်းဟောင်းရှိပြီးသား မြေသားလမ်းဖြစ်ပါတယ်။ တပ်စခန်းကို ဦးတည်တဲ့လမ်းလည်း မဟုတ်ပါဘူး။ လမ်းဖောက်တဲ့အခါ လာရောက်ပစ်ခတ် တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေရပါတယ်။ အောက်ခြေချင်းလည်း ညှိပါတယ်။ တပ်ပိုင်းဆိုင်ရာအနေနဲ့လာပြီး  တိုက်ခိုက်ခဲ့လို့ ပြန်ပစ်တာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးသန်းအောင်က ဆိုသည်။ 
 
“တပ်မတော်ကလည်း ဒီလမ်းလုပ်မယ်လို့ ပြောထားလျက်နဲ့ ပစ်ခတ်မှုတွေဖြစ်လာတော့ လိုအပ်တဲ့အနေအထားကို ပစ်ခတ်ရတဲ့အနေအထား ဖြစ်ပါတယ်။ လက်လှမ်းမီရာကို ပစ်ခတ်ရင်း KIA တပ်စခန်းတစ်ခုထဲကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ ဖြစ်စဉ်ဖြစ်သွားတာပါ။ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး။ တမင်တကာ ရည်ရွယ်ပြီးလုပ်တာတော့ မဟုတ်ပါဘူး”ဟု ဗိုလ်မှူးကြီးသန်းအောင်က ဆိုသည်။ 
 
ဖြစ်စဉ်အသေးစိတ်အား ရှင်းလင်းပြောကြားပေးရန်  The Daily Eleven  မေးမြန်းခဲ့ရာ ဗိုလ်မှူးကြီးသန်းအောင်က လက်နက်ကြီး ဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီး လက်နက်ကြီးအမည်ကို ထုတ်ဖော်မပြောနိုင်သေးကြောင်း၊ ခန့်မှန်းခြေအကွာအဝေးမှာ ခိုင်ယာဘွမ်စခန်းမှ နှစ်မိုင် ခန့်ဝေးနိုင်ကြောင်း၊ KIA ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့က နိုဝင်ဘာ ၁၉ ရက်တွင်  အကြောင်းကြားလာသဖြင့် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကို စာဖြင့်ပြန်ကြားပေးရန် အကြောင်းပြန်ထားကြောင်း၊ ယခုဖြစ်ပွားခဲ့သော လမ်းပိုင်းအတွင် ပဋိပက္ခညှနှိုင်းရေးအဖွဲ့အချင်းချင်း လတ်တလောညှိနှိုင်းထားခြင်း မရှိသော်လည်း နှစ်စဉ်ပွင့်လင်းရာသီတွင် ဖောက်လုပ်နေကျဖြစ်ကြောင်း ပြောကြားသည်။ 
 
ဗိုလ်မှူးကြီးသန်းအောင်၏ ပြောကြားချက်အရ ၂ဝ၁၄ ခုနှစ်အတွင်း ဇွန်၌ တစ်ကြိမ်၊ စက်တင်ဘာတွင် နှစ်ကြိမ်၊ အောက်တိုဘာတွင် နှစ်ကြိမ်  KIA ဘက်က ပစ်ခတ်မှုများရှိခဲ့ ပြီး စာဖြင့်ညှိနှိုင်းခဲ့ကြောင်း၊  ယခုလအတွင်း၌လည်း ကချင်ပြည်နယ်အနှံ့ သုံးကြိမ်ထက်မနည်း  KIA ဘက်က ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။ ၎င်း၏ ဖြေရှင်းချက်များအရ ပစ်ခတ်တိုက်ခိုက်မှုများသည် KIA ဘက်က စတင်ပစ်ခတ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသော်လည်း အဆိုပါဖြေရှင်းချက်များမှ KIA ဘက်မှ ပြောကြားချက်များနှင့် အချက်အလက်ကွဲပြားမှုများ ရှိနေသည်။ 
 
“လာမယ့် ပဋိပက္ခညှနှိုင်းရေးဆွေးနွေးပွဲမှာ ဆွေးနွေးကြမှာပါ။ ငြိမ်းချမ်းရေးကို တပ်မတော်ရော၊ KIA ပါ ကြိုးစားပမ်းစား တည်ဆောက်ခဲ့တာပါ။ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်လို့ မထင်ပါဘူး။ ဒီထက်ကြီးကျယ်တဲ့အရာတွေလည်း ဖြစ်ခဲ့ကြပါတယ်။  
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပျက်မခံဘူးလို့ ယုံကြည်ပါတယ်”ဟု ဗိုလ်မှူးကြီး သန်းအောင်က ဆက်လက်ပြောကြားသည်။ 
 
နိုဝင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့် ပတ်သက်ပြီး  KIO  ဗဟိုဌာနချုပ် နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစု UNFC တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုဝင်ဘာ ၂ဝ ရက်တွင် ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။
 EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template