Headlines News :
Home » , » ယခုနှစ် ၁၀ လအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်မှုများ၊ လူသတ်မှုများအပါအ၀င် ပြည်တွင်း၌ အမှုပေါင်း ၁၃၀၀၀ ကျော် ဖြစ်ပွားခဲ့

ယခုနှစ် ၁၀ လအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်မှုများ၊ လူသတ်မှုများအပါအ၀င် ပြည်တွင်း၌ အမှုပေါင်း ၁၃၀၀၀ ကျော် ဖြစ်ပွားခဲ့

Written By လွင့်မောင်မောင် on Monday, November 17, 2014 | 1:18 PM


ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်များအား ပိတ်ဆို့စစ်ဆေးနေသည်ကို နိုဝင်ဘာ ၁၀ ရက် ည ၁၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
၂၀၁၄ ခုနှစ် ၁၀ လအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ၊ လူသတ်မှုများ၊ ခိုးမှုဖြစ်စဉ်များ အပါအ၀င် ပြည်တွင်း၌ အမှုပေါင်း ၁၃၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ နိုဝင်ဘာ ၁၅ ရက်တွင် သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ အောက်တိုဘာလကုန်အထိ ပြည်တွင်း၌ လူသတ်မှု ၁၁၂၇ မှု၊ မုဒိမ်းမှု ၆၃၀၊ ခိုးမှုငါးမျိုး၊ ၄၃၆၅ မှု၊ နာကျင် (ရိုးရိုး) ၅၇၁၇ မှု၊ ယာဉ်တိုက်မှု ၁၂၁၈၁ မှု စုစုပေါင်း ၁၃၁၂၀ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ်အတွင်း မြို့လယ်ကောင်တွင် မင်းမဲ့စရိုက်ဆန်စွာ နှစ်ဖက်အပြန်အလှန် ရိုက်မှုဖြစ်စဉ် အပါအ၀င် အုပ်စုဖွဲ့အပြန် အလှန်ရိုက်နှက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် ဆယ်တောင် ၁၃ ရပ်ကွက် ခိုင်ရွှေဝါလမ်းမကြီးပေါ်တွင် သြဂုတ် ၂၈ ရက် နံနက်ပိုင်းက လူအုပ်စုနှစ်ဖွဲ့ အပြန်အလှန်ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

အလားတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက်ရှိ ဘိလိယက်ခုံရှိသော နေအိမ်တစ်အိမ်သို့ မင်းမဲ့စရိုက်ဆန်စွာ ရပ်ကွက်နေလူမိုက်ဆိုသူ နှစ်ဦးက လှံ၊ ဓားများကိုင်ဆောင်ကာ ၀င်ခုတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်အပြန်အလှန် အမှုဖွင့်ထားကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

ထို့ပြင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်ပင် စက်တင်ဘာ ၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင်လည်း ၁၀၇ ရပ်ကွက်နေ ကျော်သူဇင်ဆိုသူက ၁၀၅ ရပ်ကွက်နေ စိုးမြိုင်၊ ခွေးပု တို့ပါဝင်သည့် လူမိုက်အဖွဲ့ဟုဆိုသည့် အဖွဲ့အား ဓားဖြင့်လိုက်ခုတ်ခဲ့ပြီး စိုးမြိုင်တို့မှ ထွက်ပြေးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ဒုရဲမှူးပြည့်စုံက “ဒီလို ပြည်သူတွေ အထိတ်တလန့်ဖြစ်စေမယ့် ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေအတိုင်းပဲ ထိရောက်စွာဆောင်ရွက်နေပါတယ်။ အခုရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ခရိုင်လေးခုလုံးမှာ မှုခင်းကျဆင်းရေး ကြိုတင်ကာကွယ်မှုနဲ့ ပတ်သက်ပြီးတော့ စီမံချက်တွေ ချမှတ်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒုစရိုက်သမားတွေကို ဖမ်းဆီးတာ တရားခံပြေးတွေ ပြေးလေးပြေးတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်။ အလောင်းကစားမှုတွေ၊ ပြည်တန်ဆာတွေကိုလည်း စီမံချက်နဲ့ ဖမ်းဆီးနေပါတယ်” ဟု နိုဝင်ဘာ ၁၅ ရက်က ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလကုန်အထိ ပြည်တွင်း၌ မိမိကိုယ်မိမိ အဆုံးစီရင်မှုကို အမျိုးသား ၇၉၇ ဦး၊ အမျိုးသမီး ၃၀၂ ဦး စုစုပေါင်း ၁၀၉၉ ဦး ပြုလုပ်ခဲ့ရာ ၁၀၂၇ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ရသည့် အကြောင်းအရင်းများမှာ စီးပွားရေးမပြေလည်မှုကြောင့် ၂၂၁ ကြိမ်၊ လူမှုရေး ၆၃ ကြိမ်၊ ကျန်းမာရေး ၂၆၁ ကြိမ်နှင့် အခြားအကြောင်းအရာများဖြင့် ၄၅၄ ကြိမ်တို့ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။  

ယခုနှစ် ဇန်န၀ါရီမှ အောက်တိုဘာအထိ ပြည်တွင်း၌ ဖြစ်ပွားခဲ့သော အမှုစာရင်း 
လအမည် လူသတ်မှု  မုဒိမ်းမှု ခိုးမှု (ငါးမျိုး) နာကျင် (ရိုးရိုး) ယာဉ်တိုက်မှု
ဇန်န၀ါရီ ၈၉ ၆၃ ၃၉၈ ၄၉၃ ၁၁၅၉
ဖေဖော်ဝါရီ ၁၀၇ ၆၄ ၃၅၄ ၅၅၉ ၁၂၇၉
မတ် ၁၂၃ ၇၄ ၄၁၄ ၅၇၆ ၁၃၁၀
ဧပြီ ၁၄၀ ၈၈ ၃၅၇ ၈၄၆ ၁၆၂၅
မေ ၁၂၀ ၅၃ ၄၆၇ ၅၉၂ ၁၂၆၀
ဇွန် ၉၂ ၅၇ ၄၂၈ ၅၅၇ ၁၁၁၅
ဇူလိုင် ၁၁၁ ၆၅ ၄၉၈ ၅၄၈ ၁၁၂၅
သြဂုတ် ၁၀၉ ၅၆ ၄၉၇ ၄၆၇ ၉၄၇
စက်တင်ဘာ ၁၂၃ ၅၉ ၄၆၇ ၅၁၁ ၁၁၁၇
အောက်တိုဘာ ၁၁၃ ၅၂ ၄၈၅ ၅၆၈ ၁၂၄၄


ဝင်းမြင့်ကျော်Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template