
အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းက ကီလာဝဲယား မီးတောင်ကနေ ချော်ရည်တွေ ဆက်လက် စီးကျနေတာ ပါဟိုအာမြို့အထိ ရောက်နေပြီ ဖြစ်ပါတယ်။
ဟာဝိုင်အီ အုပ်ချုပ်ရေး နယ်မြေက ထုတ်လွှင့်တဲ့ တီဗွီသတင်းမှာ ချောရည်တွေ သံကြိုး စည်းရိုးတွေကို ဖြတ်ကျော်ပြီး လမ်းမပေါ် စီးကျလာပုံကို ရိုက်ကူးထားပါတယ်။
ဒီတပတ်အစာပိုင်းမှာ ချောရည်ပူတွေကြောင့် အိမ်တလုံး ပျက်စီးခဲ့ပါတယ်။ ချောရည်စီးကျနေတဲ့ လမ်းတလျှောက် အိမ်ခြေ ၅၀ ၀န်းကျင်ရှိပြီး ဘေးလွတ်ရာမှာ ရက်သတ္တပတ်တချို့ ရှောင်ရှားသွားကြပါတယ်။
ပါဟိုအာမြို့မှာ ဟာဝို်င်အီကျွန်း အရှေ့ဘက်စွန်းမှာ ရှိပြီး လူဦးရေ ၈ ထောင်ဝန်းကျင် နေထိုင်ပါတယ်။
အရင်က ကြံခင်းတွေ ရှိခဲ့တဲ့ ဒေသဖြစ်ပါတယ်။ အခု ချောရည်ပူတွေ စီးကျနေတာကြောင့် မြို့ရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အကြီးအကျယ် ထိခိုက်နေပါတယ်။
ကီလာဝဲယား မီးတောင်ဟာ ၁၉၈၃ ခုနှစ်မှာ စတင်ပေါက်ကွဲခဲ့ပြီး အခုနောက်ဆုံး ချောရည်တွေ စိမ့်ထွက်တဲ့ အဖြစ်အပျက်ကတော့ ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက ဖြစ်နေတာပါ။
၁၉၈၃ နဲ့ ၁၉၉၀ ကြားမှာလည်း ချောရည်စိမ့်ထွက်တဲ့ အဖြစ်အပျက်ကြောင့် အိမ်ပေါင်း ၁၈၀ ကျော်ပျက်စီးခဲ့ဖူးပါတယ်။ အခု ချော်ရည်စိမ့်ထွက်မှုကြောင့် လူသေဆုံးတာတော့ မရှိပါဘူး။
By ဒီဗွီဘီ