Headlines News :
Home » , » နေပူတောင်အား ဗီယက်နမ်ကို ကျောက်ထုတ်ရန် ဌားရမ်းမှု ဒေသခံ ၅၀၀၀ ခန့် ကန့်ကွက်ဆန္ဒပြ

နေပူတောင်အား ဗီယက်နမ်ကို ကျောက်ထုတ်ရန် ဌားရမ်းမှု ဒေသခံ ၅၀၀၀ ခန့် ကန့်ကွက်ဆန္ဒပြ

Written By လွင့်မောင်မောင် on Monday, December 29, 2014 | 8:31 AM

တောင်ကုတ်- ဒီဇင်ဘာ ၂၈
 တောင်ကုတ်တွင် ဆန္ဒပြကန့်ကွက်နေကြစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
တောင်ကုတ်တွင် ဆန္ဒပြကန့်ကွက်နေကြစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ အဖိုးတန် နေပူတောင်ကို ကျောက်ထုတ်ရန် ဗီယက်နမ် ကုမ္ပဏီ တစ်ခုအား ဌားရမ်းလိုက်သည့် အပေါ် ဒေသခံ ပြည်သူ ၅၀၀၀ နီးပါးခန့်က ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။
ဆန္ဒပြရသည့် အကြောင်းအရင်းကို ရခိုင်လူမှုကွန်ယက်မှ ကိုဇေယျာကျော်က ယခုလို ပြောသည်။
“ ကျွန်တော်တို့ ဒီတောင်ကုတ် မြို့နယ် ရိုးမထဲမှာရှိတဲ့ နေပူတောင် စီမံကိန်းပေါ့ နော်။ ဒီနေပူတောင် အဆင့်မြင့် ကျောက်ကို ဗီယက်နမ်နိုင်ငံက ကုမ္ပဏီ နဲ့ အမှတ် (၃) သတ္တုတွင်း ၀န်ကြီးဌာနတို့ ပူးပေါင်း ကျောက်ထုတ် လုပ်နေတယ်။ ဒီစီမံကိန်းက ကျနော်တို့ တောင်ကုတ် ဒေသအတွက် လုံးဝ အကျိုးမရှိဘူး။ ပီးရင် အကျိုးအမြတ် ဘယ်လောက် ရှိမယ်။ ဒီစီမံကိန်းက ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဒေသခံ ပြည်သူတွေ အတွက် ဘယ်လို ခွဲဝေသုံးစွဲမယ်။ စီမံကိန်းကြောင့် ထိခိုက်မှု ဘယ်လောက်ရှိမယ်ဆိုတာကို  စီမံကိန်းမတိုင်မီက ချပြခဲ့တာလည်း ဘာမှ မရှိခဲ့ဘူး ။ အဲဒီ အပေါ်မှာ ကျနော်တို့တွေက မကျေနပ်ဘူး။ ဒီအတွက် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ပြည်သူ ပြည်သားများအတွက် တစ်စုံတစ်ရာ အကျိုးမရှိသော ကျောက်ထုတ်ယူနေမှုကို တောင်ကုတ် ဒေသခံများ အနေဖြင့် လုံးဝ မလိုလားဟု သူက ဆက်လက် ပြောဆိုသည်။
“ ဒီလိုမျိုး ကျောက်တွေ ထုတ်ယူနေတာကို လုံးဝ အလိုမရှိဘူး။ နောက်တစ်ချက်က ဒီကုန်ကြမ်းထုတ်ယူမယ့် အစား ကျနော်တို့ ဒီ နှစ် သန်းပေါင်း ၇၀ ကျော် ရှိနေပြီ ဖြစ်တဲ့ ဒီကျောက်တောင်ကို ကျနော်တို့က ပြစားမယ်။  ပြတိုက်သဘောမျိုးလိုပေါ့နော်။ ကျောက်ပြတိုက် (သို့) Eco- Tourism လုပ်ရင် ကောင်းမယ်ဆိုပြီး တော့ပေါ့နော်။ အဲဒါကို နိုင်ငံတော်အကြီးအကဲ တာဝန်ရှိသူတွေ သိရှိအောင် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။
၎င်းပြင် ကိုဇေယျာကျော်က နေပူတောင်နှင့် ပတ်သက်ပြီး ဒေသခံများ လိုလားချက်များကို ယခုလို ပြောဆိုသည်။
“ နေပူတောင် စီမံကိန်းကို ချက်ချင်းရပ်ဖို့ ကျနော်တို့ တောင်းဆိုထားတယ်။ တောင်းဆို တဲ့အတိုင်း တာဝန်ရှိတဲ့ ၀န်ကြီးဌာနနဲ့ နိုင်ငံတော်သမ္မတရုံးတွေကပါ  မြစ်ဆုံ စီမံကိန်း ပုံစံမျိုး ပေါ့နော်။ အဲသလို ချက်ချင်းရပ်ဖို့ကို ကျနော်တို့က လိုလား ပါတယ် ခင်ဗျာ။ ချက်ချင်း ရပ်ပြီးတော့ အဲဒီတောင်ကိုပေါ့နော် Eco- tourism လုပ်ပေးဖို့ လိုလားတယ်။ ဒီနေပူတောင်ကြီးကို လုံးဝထပ်ပြီးတော့ ကုန်ကြမ်း မထုတ် တော့ပဲနဲ့ Eco-tourism ဖြစ်အောင် လုပ်ပေးဖို့ ကျွန်တော်တို့ လိုလားပါတယ်” ဟု ဆိုသည်။
နေပူတောင်ကို နိုင်ငံခြား ကုမ္ပဏီ တစ်ခုကို ဌားရမ်းလိုက်သဖြင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကလွဲပြီး ဒေသခံ ပြည်သူတွေ အတွက်လည်း မည်သို့မှ အကျိုးမရှိဟု ဆိုသည်။
ပြည်သူများတောင်းဆိုချက်ကို မလိုက်နာဘဲ ဆက်ပြီး ထုတ်လုပ်မည်ဆိုလျှင် ဆန္ဒပြပွဲများကို ဆက်လက် ပြုလုပ်သွားမည်ဟု ဆက်လက် ပြောဆိုသည်။
Taungup-protest-2
“ ဟုတ်ကဲ့။ ဒါက ကျနော်တို့ ချမှတ်ထားတဲ့   Action plan ရဲ့ အရ ပထမခြေလှမ်းပါ ခင်ဗျာ။ ဒါထက်မက ကျနော်တို့က ဗီယက်နမ် အစိုးရကိုလည်း ဒီဟာ ကန့်ကွက်တဲ့ စာပို့မယ်၊ နိုင်ငံတော် သမ္မတကြီးကိုလည်း စာပို့မယ်၊ သက်ဆိုင်ရာ သတ္တုဝန်ကြီးဌာန ကိုလည်း စာပို့မယ်၊ အဲဒီ ဗီယက်နမ် ကုပ္မဏီကိုလည်း စာပို့မယ်။ အဲ စာပို့တဲ့ အဆင့်နဲ့ မရပ်ဘူး ဆိုလို့ရှိရင် ကျနော်တို့ ဗီယက်နမ်သံရုံးရှေ့မှာ ဆန္ဒပြတာတို့၊ ဆက်ပြီးတော့မှ မရပ်ဘူး ဆိုလို့ရှိရင် ကျနော်တို့က အဲဒီနေပူတောင် စီမံကိန်းထဲဝင်ပြီးတော့ ဆန္ဒပြမယ်။  လုံးဝ အဲဒီလမ်းကို ပိတ်ဆို့ပြီးတော့ အဲဒီကနေ ကုန်ကြမ်းကျောက်တွေကို မထုတ် ယူနိုင်အောင် ပြုလုပ်သွားမယ်။  Master plan တွေ အများကြီး ချမှတ်ထားတာ ရှိပါတယ်” ဟု ဆိုသည်။
ဆန္ဒပြပွဲ မစတင်မီ တောင်ကုတ်မြို့ ဖောင်တော်ဦး စေတီတော်တွင် နေ့လယ် ၁၂ နာရီတွင် စုဆုံခဲ့ကြပြီး စစ်တွေမြို့ က ဒေါ်ညိုအေး ၊ ကျောက်ဖြူမြို့က ဦးတိုးဝေ ၊ နောက်ပြီး တောင်ကုတ်မြို့က ကိုမြင့်အောင်တို့  နေပူတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး အလှည့်ကျ ဟောပြောခဲ့ကြသည်ဟု သိရသည်။ နေ့လည် ၁ နာရီ တိတိတွင် ဖေါင်တော်ဦး စေတီမှ ထွက်ကာ မြို့ပတ်လမ်းအတိုင်း ပတ်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
ဆန္ဒြ့ပပွဲတွင် ဘူးသီးတောင်၊ သံတွဲ၊ ရမ်းဗြဲ၊ အမ်း၊  မြေပုံနှင့် မြောက်ဦးနယ်မှ ကိုစားလှယ်များလည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်ဟု  ရခိုင်လူမှု ကွန်ယက်၊ လူထုအကျိုးဆောင် ကော်မီတီ (တာဝန်ခံကော်မတီ) ဦးဇေယျာကျော်က ပြောဆိုသည်။
နိရဉ္စရာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template