Headlines News :
Home » » ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ မဲရလဒ် ထုတ်ပြန်

ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ မဲရလဒ် ထုတ်ပြန်

Written By လွင့်မောင်မောင် on Tuesday, December 30, 2014 | 11:45 PM

 ရန်ကုန်၊ ဒီဇင်ဘာ ၂၉
ပြည်သူလူထု စိတ်ဝင်စားမှု နည်းပါးခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ ရလဒ်တွေကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကနေ ကော်မတီအဆင့် ၄ ဦး၊ ခရိုင်အဆင့် ဝင်ပြိုင်သူတွေထဲကနေ ၁၂ ဦး၊ မြို့နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်သူတွေ ထဲကနေ ၉၉ ဦး စုစုပေါင်း ၁၁၅ ဦး ရွေးချယ်ခဲ့ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်မှာ အရှေ့ပိုင်းခရိုင်အတွက် ထောက်ခံမဲ ၁၂၁၉၃ မဲနဲ့ ဦးဌေးအောင်၊ အနောက်ပိုင်းခရိုင်မှာ ထောက်ခံမဲ ၃၈၈၃ မဲနဲ့ ဦးခင်လှိုင် (ဇောတိက)၊ တောင်ပိုင်းခရိုင်မှာ ထောက်ခံမဲ ၈၈၇၂ မဲနဲ့ ဒေါက်တာအေးမင်း၊ မြောက်ပိုင်းခရိုင်မှာ ထောက်ခံမဲ ၁၀၀၇၈ မဲနဲ့ ဦးခင်မောင်တင့်က အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။
ရွေးကောက်ပွဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်၊ ခရိုင်ဥက္ကဋ္ဌ ရပ်မိရပ်ဖ၊ ခရိုင်လူမှုရေး အဖွဲ့အစည်း၊ ခရိုင်တတ်သိပညာရှင်၊ မြို့နယ်ဥက္ကဋ္ဌ ရပ်မိရပ်ဖ၊ မြို့နယ်လူမှုရေး အဖွဲ့အစည်း၊ မြို့နယ်တတ်သိပညာရှင် နေရာတွေအတွက် လူပေါင်း ၂၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
မဲပေးခွင့်ရှိသူ တချို့ပင် မဲပေးခွင့် မရခဲ့တဲ့တာကြောင့် ပြည်သူတွေရဲ့ ဆန္ဒထင်တပ်မှု အပြည့်ရှိတဲ့ ရွေးကောက်ပွဲတော့ မဖြစ်ခဲ့ဘူးလို့ ဒေါက်တာအေးမင်းက ပြောပါတယ်။
အရှေ့ပိုင်းခရိုင်မှာ မဲပေးခွင့်ရှိသူ ၁၁၆၅၂၅ ဦး ရှိပေမယ့် မဲပေးသူ ၃၄၆၁၀ ဦးပဲ ရှိပြီး အနောက်ပိုင်းခရိုင်မှာ မဲပေးခွင့်ရှိသူ ၅၁၁၅၈ ဦးထဲက မဲပေးသူ ၁၂၂၄၉ ဦး၊ တောင်ပိုင်းခရိုင်မှာ မဲပေးခွင့်ရှိသူ ၉၂၁၇၉ ဦးထဲက မဲပေးသူ ၂၉၈၈၂ ဦး၊ မြောက်ပိုင်းခရိုင်မှာ မဲပေးခွင့်ရှိသူ ၁၅၀၀၂၇ ဦးထဲက မဲပေးသူ ၂၉၃၄၈ ဦးပဲ မဲပေးခဲ့တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ပါတယ်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template