Headlines News :
Home » » ထိုင်းအစိုးရ တားမြစ်လို့ NCCT အစည်းအဝေး ပြုလုပ်ခွင့်မရ

ထိုင်းအစိုးရ တားမြစ်လို့ NCCT အစည်းအဝေး ပြုလုပ်ခွင့်မရ

Written By လွင့်မောင်မောင် on Monday, December 29, 2014 | 9:30 AM


ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT အစည်းအဝေးကို ထိုင်းအစိုးရက တားမြစ်တာကြောင့် ကျင်းပခွင့် မရဘူးလို့ အဲဒီအဖွဲ့ဝင် ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ချင်းမိုင်မြို့မှာ ဒီဇင်ဘာ၂၆ ရက်နေ့က NCCT အဖွဲ့ဝင်တွေ ညှိနှိုင်းအစည်း အဝေးပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အစည်းအဝေး လုပ်မယ့်ကိစ္စကို ထိုင်းအစိုးရဆီ ခွင့်ပြုချက် တောင်းခံထားတာ မရှိတဲ့အတွက် အခုလို့ တားမြစ်ခံရတာလို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့က ကြိုတင် အကြောင်းကြားထားမှု မရှိတဲ့အတွက် အစည်းအဝေးကို မလုပ်ပါနဲ့ ဆိုပြီး လာတားတယ်” လို့ သူက ဆက်ပြောပါတယ်။

အရင်က ထိုင်းနိုင်ငံအတွင်းမှာ မြန်မာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အစည်းအဝေးပြုလုပ်ရင် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေကိုပဲ အကြောင်းကြား ရတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေဆီကနေ သိရှိရပါတယ်။

အခုတော့ ထိုင်းတပ်မတော်သို့ တရားဝင်ခွင့်ပြုချက် တောင်းခံရမယ်ဆိုပြီး နိုဝင်ဘာလ ဒုတိယအပတ် အတွင်းမှာ တပ်မ ၃ စစ်ဒေသ တိုင်းမှူးက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဆီသို့ အကြောင်းကြားခဲ့တယ်လို့ သူတို့ဆီကနေ သိရှိရပါတယ်။

ထိုင်းတပ်မတော်က အဲဒီလို လုပ်ဆောင်တာဟာ စည်းမျဉ်းစည်းကမ်းအရ လုပ်တာလို့ ယူဆရပြီး တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ထိုင်းနိုင်ငံ အတွင်းပြုလုပ်မယ့် အစည်းအဝေးတွေ အပေါ် ထိခိုက်မှု ကြီးကြီးမားမား မရှိနိုင်ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တစ်ချို့က သုံးသပ်ပါတယ်။

ဒါပေမယ့်လည်း ထိုင်း-မြန်မာ တပ်မတော် နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုတွေအရ ဖိအားပေးတဲ့ သဘော သက်ရောက်တယ်လို့ သူတို့က ဆိုပါတယ်။

အခုနှစ် ဇူလိုင်လအတွင်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်မှာ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်ကြား ပူးပေါင်း လုပ်ဆောင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဦးဆောင်တဲ့ အဖွဲ့ကလည်း အောက်တိုဘာလ ဒုတိယအပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template