အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ မှော်ပညာ လေ့ကျင်တယ်လို့ စွပ်စွဲပြီး
အိန္ဒိယ အမျိုးသမီးကို ခေါင်းဖြတ်သတ်ဖြတ်မှုနဲ့ ဆက်နွှယ်ပြီး ဇူလိုင် ၂၂
ရက်နေ့အထိ ဖမ်းဆီးထားသူ ၁၆ ဦး ရှိပြီ ဖြစ်ပါတယ်။
အာသံပြည်နယ် ဆန်နီပေါခရိုင်မှာ လူတွေ မကျန်းမာဖြစ်တာဟာ အသက် ၆၃ နှစ်
ပူနီအော်ရန်ကြောင့်လို့ ရွာသားတွေက စွပ်စွဲပြီး ဇူလိုင် ၂၀ ရက်နေ့က
ခေါင်းဖြတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးထားသူတွေထဲမှာ ၉ ဦးက အမျိုးသမီးတွေ ဖြစ်သလို လူ ၉၀ နီးပါးက
အသက်ရှင်လျက် မီးရှို့ ခေါင်းဖြတ်သတ်လိုက်တာလို့ အာသံက ရဲတပ်ဖွဲ့က
ပြောပါတယ်။
ရွာသားတချို့က ဖမ်းဆီးထားတဲ့ လူတွေ လွှတ်ပေးဖို့ ဒေသခံ ရဲတပ်ဖွဲ့ကို ဆန္ဒပြခဲ့ကြပါတယ်။
လက်ဖက်ခင်းမှာ လုပ်နေတဲ့ အလုပ်သမားနဲ့ ဒေသခံ မျိုးနွယ်စုတွေကြားထဲမှာ
အမျိုးသမီးတွေကို စုန်းလို့ စွပ်စွဲတာဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပါတယ်။
အိန္ဒိယ ပြေးခုန်ပစ် ကစားသမား ဒက်ဂျန်နီဘိုရာကလည်း အာသံမှာ စုန်းလို့ စွပ်စွဲ ရိုက်နှက်ခံခဲ့ရပါတယ်။
အရင် ၇ နှစ်အတွင်း စုန်းလို့ စွပ်စွဲပြီး ရွာသားတွေက သတ်ဖြတ်ခဲ့တာ လူ ၉၀
နီးပါးရှိပြီး အမျိုးသမီးအများစုဖြစ်တယ်လို့ အာသံရဲတပ်ဖွဲ့က ပြောပါတယ်။
ကျွမ်းကျင်သူတွေကတော့ တိုက်ခိုက်မှုနောက်ကွယ်မှု အယူသီးမှု ရှိနေပေမယ့်
အထူးသဖြင့် မုဆိုးမတွေကို မြေယာနဲ့ ပိုင်ဆိုင်မှုတွေကြောင့် ပစ်မှတ်ထား
တိုက်ခိုက်တာလို့ ပြောပါတယ်။
DVB