ဇူလိုင် ၂၃
မနေ့က ညောင်လေးပင်မြို့ကို တောင်သူလယ်သမားကိစ္စနဲ့ သွားရောက်ခဲ့တဲ့
မစုစုနွေးနဲ့အဖွဲ့ဟာ၊ ဒီကနေ့မနက် ပြန်အလာမှာ ပဲခူးရဲစခန်းကနေ
ခရီးသည်တင်ကားကို ရဲစခန်းထဲ မောင်းခိုင်းပြီး ဖမ်းဆီး စစ်ဆေး နေပါတယ်။
တရားရုံးတင်မယ်ဆိုပြီး ခေါ်တာကို မစုစုနွေးက မသွားပဲ ပဲခူးရဲစခန်းက မိုးရေထဲမှာ မတ်တပ်ရပ်ပြီး ဆန္ဒပြနေတယ်လို့ သိရပါတယ် .... ။
"""၂၀၁၅ ရွှေးကောက်ပွဲအတွက် လက်ရှိအစိုးရနဲ့ စစ်တပ်က ကြောက်လို့ ဖမ်းတာပါ
မိတ်ဆွေအားလုံး မစိုးရိမ်ပါနဲ့ ။ ကျမတော့ အမှားမလုပ်တဲ့အတွက်
အာမခံမလုပ်ဘူး။ """ လို့ လည်း မစုစုနွေး က သူမရဲ facebook စာမျက်နှာမှာ
ရေးသားထားပါတယ်။
သတင်း - ဓါတ်ပုံ ။ ။ Kyaw Kyaw Htwe (FB)
BY THIT HTOO LWIN