အလုပ်သမားအလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနအနေနဲ့
ပြည်ပအလုပ်အကိုင်အေဂျင်စီ ၈ခုကို ပိတ်သိမ်းလိုက်ပြီး နောက်ထပ် ၈ ခုကိုတော့
ယာယီပိတ်သိမ်းထားလိုက်တယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မူလုပ်ငန်းရှင်များ
အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောပါတယ်။
ပိတ်သိမ်းထားတဲ့အေဂျင်စီတွေထဲမှာ အိမ်နီးချင်း ထိုင်းနိုင်ငံကို
အလုပ်သမားပို့နေတဲ့အေဂျင်စီ တွေပါဝင်သလို ဂျပန်နဲ့ မကာအိုတို့ကိုပို့နေတဲ့
အေဂျင်စီတွေလည်းပါတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ြ ပည်ပမှာသွားရောက်လုပ်ကိုင်တဲ့ မြန်မာလုပ်သားတွေနဲ့ အလုပ်ရှင်တွေကြားမှာ
ဖြစ်တဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးရတဲ့အမှုပေါင်းဟာ ၂၀၁၄ ခုနှစ်ကနေ
အခု၂၀၁၅ ခုနှစ်ဇွန်လ အထိ ၁ နှစ်ခွဲကာအတွင်း အမှုပေါင်း ၈၀ လောက်ရှိတယ်လို့
သိရပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာရွှေ့
ပြောင်းအလုပ်သမားအများဆုံးသွားရောက်လုပ်ကိုင်နေတဲ့နိုင်ငံဖြစ်ပြီး
မြန်မာလုပ်သား ၂ သန်းကျော် နေထိုင်လုပ်ကိုင်နေတယ်လို့ ခန့်မှန်းထားပါတယ်။
ဒီထဲက ၃၀ ရာခိုင်နှုန်းလောက်ကပဲ တရားဝင် အလုပ်သမားတွေဖြစ်တယ်လို့ အလုပ်သမား၊
အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနကပြောပါတယ်။
DVB
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago