Headlines News :
Home » » ထားဝယ်ရေနက်ဆိပ်ကမ်းအနီး ကျောက်ထုတ်ကုမ္ပဏီ၏ သင်္ဘောအ၀င်အထွက် ဆိပ်ကမ်းအာဏာပိုင်ကို အကြောင်းမကြား

ထားဝယ်ရေနက်ဆိပ်ကမ်းအနီး ကျောက်ထုတ်ကုမ္ပဏီ၏ သင်္ဘောအ၀င်အထွက် ဆိပ်ကမ်းအာဏာပိုင်ကို အကြောင်းမကြား

Written By Live100 on Saturday, November 28, 2015 | 11:04 PM



Dawei Watch| ထားဝယ်၊ နိုဝင်ဘာ ၂၇

ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်နေရာ၏ မြောက်ဘက်တွင် ယခုနှစ်အတွင်း စတင်လုပ်ကိုင်နေသည့် ကျောက်ထုတ်ကုမ္ပဏီ၏ သင်္ဘောအ၀င်အထွက်ကို သက်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင်သို့ ခွင့်ပြုချက်တောင်းခံခြင်းမရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး (ထားဝယ်ဆိပ်ကမ်း)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာအုပ်စုနှင့် ဇာဒီကျေးရွာအုပ်စုအကြားတွင် ဆောက်လုပ်နေသည့် Myanmar Rock Mountain ကျောက်ထုတ်ကုမ္ပဏီ၏ ဆိပ်ကမ်းငယ်တွင် သဘောင်္တစ်ကြိမ်ထက်မနည်းဆိုက်ကပ်ပြီးဖြစ်ကြောင်း ဒေသခံများက  ပြောဆိုမှုနှင့်ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးသို့ သွားရောက်မေးမြန်းရာ အထက်ပါတာဝန်ရှိသူက ယင်းသဘောင်္အ၀င်အထွက်ကို မသိရသေးဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

“တကယ်က သဘောင်္ဝင်ရင် ၀င်တဲ့ဆိပ်ကမ်းနဲ့ အနီးဆုံးမှာရှိတဲ့ ဆိပ်ကမ်းအာဏာပိုင်ရုံးကို ခွင့်ပြုချက်တောင်းခံရမှာ။ ခွင့်ပြုချက်တောင်းတဲ့အခါကျရင် သူတို့ ထွက်လာတဲ့ ဆိပ်ကမ်းက PC (Port Clear) ကို ပြရတယ်။ ဒီက ပြန်ရင်လည်း PC ကို ပြန်ထုတ်ပေးမှ သူတို့ ထွက်လာတဲ့ ဆိပ်ကမ်း ဒါမှမဟုတ် အခြားဆိပ်ကမ်းတစ်ခုခုကို ဒီက PC ကို ပြပြီးမှ ကပ်လို့ရတာ။ အခုက ဘယ်လို လုပ်နေလဲ မသိဘူး” ဟု ယင်းတာဝန်ရှိသူက ဆိုသည်။

ဆိပ်ကမ်းအာဏာပိုင်ရုံးထံသို့ သဘောင်္၏ ပိုင်ရှင် သို့မဟုတ် ပိုင်ရှင်ကိုယ်စားလှယ်က သက်ဆိုင်ရာစာရွက်စာတမ်းများဖြင့် ကမ်းကပ်ခွင့်ကို တောင်းခံရန်လိုအပ်သည်ဟု ၎င်းက ပြောသည်။

သို့သော် လက်ရှိဆောက်လုပ်နေသည့် Myanmar Rock Mountain ကုမ္ပဏီ၏ ဆိပ်ကမ်းငယ်တွင် သင်္ဘောဆိုက်ကပ်သည့်ကိစ္စကို ကာယကံရှင်များက ခွင့်ပြုချက်တောင်းခံလာခြင်းမရှိသည့်အတွက် ၎င်းတို့အနေဖြင့်မသိရကြောင်း အထက်ပါတာဝန်ရှိသူက ထပ်လောင်းပြောကြားသည်။

ယင်းဆိပ်ကမ်းတွင် စီမံကိန်းသုံးပစ္စည်းများနှင့် ယန္တရားများချရန် သဘောင်္ဆိုက်ကပ်နေသည်ကို တွေ့ရှိသည်ခဲ့ရပြီး တစ်ကြိမ်၊ နှစ်ကြိမ် သဘောင်္ကပ်ပြီးဖြစ်သည်ဟု ဆိုသည်။

“သင်္ဘောဝင်နေတာ လေး ငါးကြိမ်လောက်တောင်ရှိနေပြီ” ဟု ဆိပ်ကမ်းနှင့် အနီးဆုံးကျေးရွာဖြစ်သည့် ဒိုက်တကော်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

သဘောင်္ဝင်ထွက်နေသည့်ကိစ္စအပါအ၀င် ၎င်းတို့၏ စီမံကိန်းအချက်အလက်များကို မေးမြန်းနိုင်ရန်အတွက် Myanmar Rock Mountain ကုမ္ပဏီ၏ စီမံကိန်းဧရိယာအတွင်းရှိ တာဝန်ခံဆိုသူကို သွားရောမေးမြန်းခဲ့သော်လည်း ဖြေကြားပေးနိုင်သည့် တာဝန်ခံမရှိဟုသာ ဖြေဆိုခဲ့သည်။

 “သူတို့က ကျောက်ထုမယ်။ ပြီးရင် ရေနက်ဆိပ်ကမ်းကို အထောက်အပံ့ပေးမယ်။ ရေနက်ဆိပ်ကမ်းမထမြောက်သေးရင် ရန်ကုန်ပို့မယ် ဆိုပြီး သိထားတယ်” ဟု ဒိုက်တကော်ရွာသားတစ်ဦးက ဆိုသည်။

သဘောင်္အ၀င်အထွက်ကို ဒေသအာဏာပိုင်ထံ ခွင့်ပြုချက်မတောင်းခံခြင်းက နိုင်ငံတော်အတွက် ပေးသွင်းရမည့် အခွန်အကောက်များနစ်နာသည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး(ထားဝယ်ဆိပ်ကမ်း)မှ အထက်ပါတာဝန်ရှိသူက ပြောသည်။

ထားဝယ်ဆိပ်ကမ်းမှ ထွက်ခွာသည့် သင်္ဘောသည် ၎င်းတို့ ဆိုက်ကပ်မည့်ဆိပ်ကမ်းတွင် ထားဝယ်ဆိပ်ကမ်း၏ PC( Port Clear) ကို မပြနိုင်ပါက ယင်းဆိပ်ကမ်းမှ အရေးယူနိုင်ကြောင်း ၎င်းက ဆိုသည်။

ယင်းကုမ္ပဏီက ကျောက်မိုင်းခွဲလုပ်ငန်းကို ယခုနှစ်ဇွန်လ ခန့်မှ စတင်လုပ်ဆောင်နေပြီး ဆိပ်ကမ်းကိုမူ ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်တည်ဆောက်လျက်ရှိသည်ဟု ဒိုက်တကော်ကျေးရွာဒေသခံများထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် သာမန်ကုန်တင်ကုန်ချ သင်္ဘောမှ အထူးစီးပွားရေးဇုန်စီမံကိန်ုးသင်္ဘောများ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများ၏ သင်္ဘောများ အားလုံး ကမ်းကပ်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး(ထားဝယ်ဆိပ်ကမ်း) တွင် ခွင့်ပြုချက်တောင်းခံကြသည်ဟု ယင်းရုံးထံမှ သိရသည်။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template