ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေက
စွန့်ပစ်ထားတဲ့ မြေစာပုံပြိုကျမှုအတွင်း ဒီကနေ့ ညနေ ၄ နာရီလောက်အထိ သေဆုံးသူ
၁၀၀ နီးပါးထိ ရှိနေပြီဖြစ်ပါတယ်။
မြေပြိုပြီးပိနေသူတွေကို ဒီကနေ့ ရှာဖွေရာမှာ အမျိုးသား ၁၆ ဦးနဲ့
အမျိုးသမီး ၂ ဦးရဲ့ အလောင်းတွေ ထပ်မံရှာဖွေတွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း
သေဆုံးသူ ၉၇ ဦး ရှိသွားပြီလို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန ဒု ဦးစီးမှူး ဒေါ်နီလာမြင့်က ဒီဗွီဘီကို ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၃ နာရီလောက်က ဖားကန့်မြို့ကနေ ဆယ်မိုင်ခန့်အကွာ
လုံးခင်းကျေးရွာနဲ့ ဆိပ်မူကျေးရွာအကြား မြေစာပုံ ပြိုကျခဲ့တာဖြစ်ပြီး
တဲအလုံး ၇၀ ကျော် လောက်ပါသွားပါတယ်။ ပျောက်ဆုံးနေသူတွေကိုတော့ သက်ဆိုင်ရာက
ဆက်လက်ရှာဖွေဆဲဖြစ်ပါတယ်။
DVB