Cannot load player config
အမေရိကန်နိုင်ငံနဲ့ မဟာမိတ်တပ်တွေဟာ နိုဝင်ဘာ ၂၂ ရက်နေ့မှာ အီရတ်နိုင်ငံကို လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀ နဲ့ ဆီးရီးယားနိုင်ငံကို ၂၂ ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်လွှင့်တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ အီရတ်နိုင်ငံတွင်းရှိ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ပစ်မှတ်တွေကို နိုဝင်ဘာလ ၁၉ ရက်နေ့နဲ့ ၁၂ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာတွေကို ဖော်ပြလိုက်တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က အီရတ်နိုင်ငံတွင်းတိုက်ခိုက်မှု ၆ ခုမှာ ဒုံးကျည်စခန်းသုံးခု အပါအ၀င် ထိန်းချုပ်စခန်းတွေနဲ့ ရမ်မဒီမြို့အနီးက တိုက်ခိုက်ရေးနေရာတွေ ပါဝင်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
ဆီးရီးယားနိုင်ငံတိုက်ခိုက်မှုမှာတော့ မာယာမြို့အနီးက အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ ပြည်နယ် ဒုံးကျည်စခန်းတွေ၊ ဌာနချုပ်တွေနဲ့ ပြည်နယ်တွင်း အဆောက်အအုံစုစုပေါင်း ၁၃ ခုပါဝင်တယ်လို့ဆိုပါ တယ်။
အမေရိကန်စစ်တပ်ထုတ်ပြန်ချက်အရ ၁၉ ကြိမ်မြောက်လေကြောင်းတိုက်ခိုက်မှုမှာ ကာကပ်၊ ကီစစ်၊ မိုဆူ၊ ရမ်မဒီ၊ ဆင်ဂျာဒေသအနီးက စစ်သွေးကြွအုပ်စုတွေပါဝင်တယ်လို့ ဆိုပါတယ်။
ခုထုတ်ပြန်လိုက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် မတော် တဆထိခိုက်မှုတွေပုံတွေ မပါဝင်ခဲ့ပဲ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားတွေရှိခဲ့တယ်လို့ အမေရိကန်စစ်တပ်က ၀န်ခံလိုက်ပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့မှာ သီးခြားထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်တခုမှာတော့ အီရတ်နိုင်ငံတွင်း အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့ကာ ဗုံးပေါက်ကွဲမှုကြောင့် ၆ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်လိုက်တာပါ။
DVB