Headlines News :
Home » , » ၅ ရက်အတွင်း မိုင်းရှူး - မိုင်းနောင် ကားလမ်းမြောက်ဘက်ခြမ်းသို့ SSPP/SSA တပ်များဆုတ်ရမည်

၅ ရက်အတွင်း မိုင်းရှူး - မိုင်းနောင် ကားလမ်းမြောက်ဘက်ခြမ်းသို့ SSPP/SSA တပ်များဆုတ်ရမည်

Written By Live100 on Thursday, November 26, 2015 | 1:59 AM



နိုဝင်ဘာ ၂၅ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်းလွယ်လင်ခရိုင် မိုင်းရှူး-မိုင်းနောင်မြို့ကြား ကားလမ်းတောင်ဘက် ခြမ်း ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအားလုံးမြောက်ဘက်ခြမ်း သို့ ၅ ရက် အတွင်း တပ်ဆုတ်ပေးရ မည် ဟု ဆွေးနွေးချက်တွင်ပါရှိသည်။

နိုဝင်ဘာ ၂၃ - ၂၄ ရက်နေ့ တွင် သျှမ်းပြည်တပ်မတော် SSPP/SSA ဒုဥက္ကဌ ဗိုလ်ချုပ်ခေး တိုင်း ဦးဆောင်သောအဖွဲ့ နှင့် ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းေ ရး ဖေါ်ဆောင် ရေးလုပ်ငန်းကော်မတီအဖွဲ့တို့ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းပါ အချက်ကြီး ၃ ချက်၊ သဘော တူညီချက် ၆ ချက် ပါရှိသည်။

အဆိုပါမှတ်တမ်း တွင် အစိုးရတပ်မတော် သည် SSPP/SSA ဝမ်ဟိုင်းဌာန ချုပ်အား ထိုးစစ် ဆင်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဟုပါရှိသည်။

သဘောတူညီချက် ၆ ချက်အနက် - “တတိယ အချက်တွင် SSPP/SSA တပ်ဖွဲ့ဝင်များ အနေဖြင့် မိုင်းနောင် - မိုင်းရှူး ကားလမ်း မြောက်ဘက်ခြမ်း တွင် ရွှေ့ပြောင်း နေထိုင်ရန် နှင့် မိုင်းနောင် - မိုင်းရှူး ကားလမ်းတောင် ဘက်ခြမ်းရှိ ထိပ်တိုက်ရင်ဆိုင်နေသော တပ်မ တော် စစ်ကြောင်းများကို လည်း ရွှေ့ပြောင်း နေရာချထားရန်” - ဆိုသည့်အချက်ပါရှိသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော် SSPP/SSA အားဆက်သွယ်သော် လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

“ဒီအချက်ကို ကြည့်မယ်ဆိုရင် သျှမ်းတပ်တွေက မိုင်းနောင် - မိုင်းရှူး ကား လမ်းမြောက် ဘက်ခြမ်း ကို ၅ ရက် အတွင်း ပြောင်းရမယ်။ တောင် ဘက်ခြမ်း မှာ မနေရဘူးလို့ပြောတာ။ အစိုးရ တပ်က တော့ ထိပ်တိုက် ဖြစ်နေတဲ့ တပ်ေ တွ နေရပ်ပြန်ပြီး တပ်အသစ် လာနေခိုင်း မယ် - ဆိုတဲ့ သဘောဘဲ - ဟု လား ရှိုး မြို့နေ တော်လှန်ရေးသမားဟောင်း (ဦး) ပူလွယ်စိုင်း ဆိုင်က ပြောသည်။

ယမန်နှစ် ၂၀၁၄ အောက်တိုဘာ ၂ ရက်မှ ၆ ရက်နေ့ အထိ တာဖါဆောင် တံတားတိုက်ပွဲ တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တပ်နှစ်ဘက်စလုံး ရုပ်သိမ်းရမည်ဟု ညွှန်ကြားသော် လည်း ယနေ့တိုင် တာ့ဖါဆောင်တံတား တွင် အစိုးရတပ်မတော် အခြေချ နေထိုင်ဆဲဖြစ် သည်။

ယခုနှစ် အောက်တိုဘာ ၆ ရက်မှ ယနေ့အထိ အစိုးရတပ်မတော် မှ သျှမ်ြး ပည် တပ်မတော် အား ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၁၀၀၀၀ ကျော် နေရပ်မှ ထွက်ခွာက မိုင်းရှူး၊ လဲချား၊ ကျေး သီး၊ မိုင်းရယ်၊ လားရှိုး၊ တောင်ကြီး မြို့သို့ တိမ်းရှောင်ခိုလှုံနေရပါသည်။

သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template