သိနေတယ်
-----
ကိုယ်စားလှယ်တွေ ရဲ့အကြောင်းကို သူတို့ကိုယ်တိုင်သိတာထက် ကျမတို့က
ပိုသိအောင် စုံစမ်းထားပါတယ်။ ဘယ်သူတွေက တကယ်ကို ပင်ပင်ပန်းပန်း စည်းရုံးရေး
ဆင်းခဲ့ရတယ်။ ဘယ်သူတွေက မျှောလိုက်ပြီး ပါခဲ့တယ်ဆိုတာ ကျမတို့
အားလုံးသိပါတယ်။ ရှေ့လျှောက်လည်း အမြဲပဲ စောင့်ကြည့်နေမှာပါ။
ပြည်သူကို ကတိပေးခဲ့
------
အပြစ်ရှိလာရင် ကျမတို့ရဲ့ ကိုယ်စားလှယ်တွေကို သူများတွေ အပြစ်မရှာခင်
ကျမတို့က အရင် အရေးယူမှုလုပ်မှာပါ။ ပြည်သူက အပြစ်ပေးတဲ့ အဆင့်မရောက်စေရဘူး
လို့ ကျမက ပြည်သူတွေကို ကတိပေးခဲ့တဲ့ အတွက် စည်းကမ်းနဲ့ပတ်သက်ပြီး
လုံးဝခွင့်လွှတ်မှာ မဟုတ်ပါဘူး။
ထောင်ဝင်စာ
------
အဖွဲ့ချုပ် ကိုယ်စားလှယ်ပဲဖြစ်ပါစေ အမှားလုပ်လို့ ကတော့ အမှားကို
အမှန်ဖြစ်အောင် ကူညီပြီး လုပ်ပေးမှာ မဟုတ်ပါဘူး။ အလွဲသုံးစား ပြုလုပ်လို့
ဥပဒေအတိုင်း အပြစ်ဒဏ်ခံရမှာပါ။ ကျမတို့ ကူညီနိုင်တာ ကတော့ ထောင် ဝင်စာ
တွေ့ပေးဖို့ပါပဲ။ ဒါတောင် မိသားစုဝင်တွေ ဖြစ်သွားလို့ပါ။
ပြည်သူ့ကျေးဇူး
-------
ပြည်သူ့ ကျေးဇူးကြောင့် ဒီနေ့ မှာ ဒီလို အခမ်းအနားကျင်းပခွင့် ရတာ။ ပြည်သူ့ကျေးဇူး သိပ်ကြီးတယ်။ ကျေအောင်ဆပ်ဖို့ ပြင်ဆင်ထားတော့။
လူထုကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဒီနေ့ကစပြီး ကိုယ်စားလှယ်များ အလုပ်လုပ်ကြပါ။
အမတ်လစာထဲကလည်း ဖြတ်တောက်ပါမယ်။ ပြည်သူအတွက် အသုံးပြုပါမယ်။
အဖွဲ့ချုပ် ရဲ့ ကိုယ်စားလှယ် ဖြစ်လို့တော့ ချမ်းသာဖို့တော့ မစဉ်းစားနဲ့။
ပြည်သူ့မေတ္တာရဖို့ ပဲ စဉ်းစား။ ပြည်သူ့  မေတ္တာဆုံးရှုံးသွားရင်
ဘာငွေကြေးနဲ့မှ လဲလို့ မရဘူး ဆိုတာ မြဲမြဲမှတ်ထား။
စာကျက်ထားကြ
-------
ကိုယ်စားလှယ်များအတွက် သင်တန်းများလည်း အမြန်ဆုံး စတင်ပါမယ်။
စာမေးပွဲအတွက်လည်း ရေးဖြေ ဖြေကြရပါမယ်။ စာကျက်ထားကြပါ။ တိုင်းရင်းသား
ကိုယ်စားလှယ်များအတွက် သင်တန်းများကို ပထမဆုံးနဲ့ အမြန်ဆုံး စတင်ပါမယ်။
လွှတ်တော်ထဲမှာ အချိန်နဲ့ အချက်အလက်နဲ့ မေးတတ် မြန်းတတ်အောင် ပြင်ဆင် လေ့ကျင့်ထားကြပါ။
ဆွေးနွေးတိုင်ပင်
-----
ကိုယ်စားလှယ်များ အနေနဲ့ အခက်အခဲရှိရင်လည်း လူကြီးတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရပါတယ်။
နောက်ဆုံးအနေနဲ့ ပြောလိုတာက အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပါမယ်။
အဖွဲ့ချုပ် လူဟောင်းများကို လူသစ်များက တိုင်ပင်ပါ။ ဆွေးနွေးပါ။
ဒီလှိုင်းကိုလည်း ကြိုးစားဖတ်ကြပါ။ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ် ဆိုတဲ့
အတွက်လည်း စိတ်ဓာတ်မကျပါနဲ့။ အရည်အချင်း တိုးတက်မှု ရှိအောင်
လေ့ကျင့်ပေးတယ်လို့ မှတ်ပါ။
Ref - NLD
The Ladies News Journal