Headlines News :
Home » , » MNDAA အဖွဲ့ က လောက်ကိုင်မြို့တွင်းသို့ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်

MNDAA အဖွဲ့ က လောက်ကိုင်မြို့တွင်းသို့ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်

Written By Live100 on Saturday, November 28, 2015 | 11:49 PM



MNDAA သောင်းကျန်းသူ အဖွဲ့များက လောက်ကိုင်မြို့တွင်းသို့ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်

နေပြည်တော် နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ ၀န်းကျင်တွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းများကို နိုဝင်ဘာ ၂၇ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်က MNDAA သောင်းကျန်းသူအဖွဲ့များက လက်နက်ကြီး/ လက်နက်ငယ် များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်ကြောင်းများက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူအဖွဲ့များ အရှေ့မြောက်ဘက်ရှိ နယ်စပ်မျဉ်းဘက်သို့ ဆုတ်ခွာ သွားခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် MNDAA သောင်းကျန်းသူအဖွဲ့များ နှောင့်ယှက်ပစ်ခတ် ခဲ့သည့် နေရာများတစ်ဝိုက် အသေးစိတ် ဖြန့်ခွဲရှင်းလင်းခဲ့ရာ လက်နက်ငယ် ကျည်ခွံ ၇၀ ခု၊ စက်လတ်ကျည်ခွံ ၄၂ ခုနှင့် ကြိုးဆွဲလက်ပစ်ဗုံး ၁လုံး တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ သည်။



ထိုသို့ MNDAA သောင်းကျန်းသူအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် လောက်ကိုင် မြို့တွင်းရှိ ကျင်းတင်ဟိုတယ်၏ ၁၀ လွှာနှင့် ၁၁ လွှာတို့ကို RPG ဒုံးသီး ၂ လုံး ထိမှန်ပေါက်ကွဲခဲ့ပြီး ၎င်းဟိုတယ်နှင့် မီတာ ၃၅၀ ခန့်အကွာတွင် RPG ဒုံးသီး ၁ လုံးကို လည်းကောင်း၊ အမှတ်(၁) ဓာတ်အားခွဲရုံရှိ ကွန်ကရစ်ခြံစည်းရိုးနှင့် ငှက်ပျောပင်များ ကြားတွင် ပီနံအိတ် အပြာရောင်ဖြင့် ထုပ်ထားသော တီအင်န် တီယမ်းဖြင့် ပြုလုပ်ထား သည့် လက်လုပ်ပိုင်း ၂ လုံးကို လည်းကောင်း
ထပ်မံ သိမ်းဆည်းရမိခဲ့သည်။

ထိုသို့ MNDAA သောင်းကျန်းသူအဖွဲ့များမှ လောက်ကိုင်မြို့တွင်းသို့ ပစ်ခတ်ခဲ့ မှုကြောင့် မြို့တွင် နေထိုင်ကြသော ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန် မှုများ ဖြစ်ပေါ်လျက်ရှိရာ အဆိုပါ သောင်းကျန်းသူအဖွဲ့များ ခိုအောင်းလှုပ်ရှားမှု မရှိစေရေး တပ်မတော်စစ်ကြောင်းများက ဖြန့်ခွဲ၍ နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template