Headlines News :
Home » , » ၁၀၆ကြိမ်တိုင်ပြီဖြစ်သော နှစ်စဉ်ကျင်းပမြဲ ထားဝယ်တနဆောင်တိုင်ပွဲ (ဖိုးဇော်)

၁၀၆ကြိမ်တိုင်ပြီဖြစ်သော နှစ်စဉ်ကျင်းပမြဲ ထားဝယ်တနဆောင်တိုင်ပွဲ (ဖိုးဇော်)

Written By Live100 on Thursday, November 26, 2015 | 2:20 AM







ခုလို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ရောက်ရင် ထားဝယ်သူ၊ထားဝယ်သားတိုင်း ခုညမျိုးကိုလွမ်းကြ၊သတိရကြမှာ။ထားဝယ်မြို့ရဲ့အစည်ကားဆုံးပွဲတော်ဖြစ်တဲ့
 နှစ်ကျိပ်ရှစ်ဆူဘုရားများဒေသစာရီကြွချီအပူဇော်ခံပွဲကျင်းပတဲ့
နေ့ရက်ဖြစ်တာကိုး။ဒီပွဲတော်ကိုနှစ်ပေါင်း၁၀၆နှစ်တိုင်တိုင်အစဉ်အလာမပျက်ကျင်းပခဲ့
တာကိုး။အများအားဖြင့်တော့ ညပိုင်းမှာကျင်းပခဲ့တာဖြစ်ပါတယ်။
၁၉၈၉ လား၊၁၉၉၀ လားတော့မသိ။မနက်ပိုင်းတစ်နှစ်ကျင်းပခဲ့တာဖြစ်ပါတယ်။
ထားဝယ်ရဲ့ထုံးတမ်းအစဉ်အလာအရ ဒီပွဲတော်မှာ ရပ်ကွက်အလိုက် ဘုရားတွေပင့်ကြ၊အပူဇော်ခံကြ၊အတီး
အမှုတ်အကအခုန်တွေ၊အကျွေးအမွေးတွေနဲ့ ဧည့်ခံကြနဲ့ တစ်မြို့လုံး ညလုံးပေါက်စည်ကားတဲ့ပွဲတော်ကိုး။ဒီပွဲတော်ကို အနယ်နယ်အရပ်ရပ်က လာရောက်ဆင်နွှဲဖူးမြော်လေ့ရှိကြပါတယ်။





အထူးသဖြင့် မွန်ပြည်နယ် ၊ရေးမြို့
တစ်ဝိုက်ကအများဆုံးလာကြတာတွေ့ရပါတယ်။ခုနောက်ပိုင်းလမ်းပန်းဆက်သွယ်ရေး
ကောင်းလာတော့ မြန်မာပြည်တစ်နံတစ်လျားက ဧည့်သည်တွေလည်း လာရောက်ကြပါတယ်။ဒီပွဲတော်ကျင်းပတိုင်း အမှတ်ရစရာ
ဖြစ်တာက ကျွန်တော်တို့ငယ်ငယ်က ကျောင်းတွေမှာ ကညုံသူကညုံသားဆိုရင် မျက်နှာငယ်ရတာပါ။ထားဝယ်မြို့ရဲ့ရပ်ကွက်အသီးသီးက ဘုရားတွေ ပင့်ဆောင်ပူဇော်ခွင့်ရကြပေမယ့် ကျွန်တော်တို့ ကညုံရပ်ကွက်က ပင့်ဆောင်
ခွင့်မှ မရတာ။ဒါကြောင့် ဒီအချိန်ရောက်ရင် ကျောင်းသားအချင်းချင်း ကညုံရပ်ကွက်က ကျောင်းသားတွေကိုစကားနာထိုး စကြ၊နောက်ကြတာကိုး။မင်းတို့ရပ်ကွက်မှာ ဘုရားမရှိဘူးတို့..။မင်းတို့ရပ်ကွက်လူကြီးတွေက ဘုရားကိုဈေးဆစ်တာတို့ စကားတွေနဲ့ စကားထိုးစကြတာပါ။တကယ်တော့ ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူကြည့်ရင်
ရှေ့လူကြီးတွေရဲ့ကောင်းမွေဆိုးမွေကိုလူငယ်တွေခံစားကြရတယ်ဆိုတာပါ။လူကြီးတွေရဲ့
ဆုံးဖြတ်ချက်အမှားတွေကြောင့် နောက် မျိုးဆက်သစ်လူငယ်လေးတွေမှာ အတိတ်ရဲ့အရိပ်ကိုခံစားကြရတာပါ။
ခုတော့လည်းကညုံသူ၊ကညုံသားတွေပါပါဝင်ဆင်နွှဲခွင့်ရကြပါပြီ။သမိုင်းလှခဲ့ပြီလို့ဆိုရမှာ
ပါ။ဒီတစ်နှစ် ပွဲတော်မှာ ထူးခြားတာကဘုရားလှည့်မယ့် မြို့တွင်းလမ်းတွေအားလုံးကို အချိန်မီ ကွန်ကရစ်ကတ္တရာ(နိုင်လွန်ကတ္တရာ) ခင်းထားနိုင်တာ၊လူငယ်ပရဟိတ အဖွဲ့လေးတွေက မိမိတို့နီးစပ်ရာစုပေါင်းပြီး ဧည့်ခံကျွေးမွေးလှူဒါန်းတာ ပိုများလာတာ၊နောက်ပြီးလူငယ်တွေစုပေါင်းပြီး ပထမဆုံးအကြိမ်ဆောင်ရွက်တဲ့ ဘုရားလှည့်ရာလမ်းတစ်လျှောက် သန့်ရှင်းရေးလုပ်အားပေးတာ ၊ပွဲတော်ကျင်းပပုံကို PTC ကေဘယ်လ်ရုပ်သံလိုင်းကတိုက်ရိုက်ထုတ်လွှင့်နိုင်တာတွေပါပဲ။ဒီအချက်တွေကထားဝယ်
မြို့သူမြို့သားလူငယ်တွေရဲ့ပရဟိတစိတ်ဓာတ်ကိုဖော်ကျူးသလိုစည်းလုံးညီညွှတ်မှုကို
လည်းပြသနိုင်တဲ့ပွဲလို့ ဆိုချင်ပါတယ်။ဒီအစဉ်အလာကောင်းတွေကတစ်ဆင့်
အနာဂတ်ထားဝယ်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကိုရှေ့ဆက်ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

"width="550">



















လေးစားစွာ....
ဖိုးဇော်(ထားဝယ်)

ဓာတ်ပုံ - သူရအောင် ၊ဖြိုးဇင် နှင့် ဖိုးဇော်(ထားဝယ်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template