Headlines News :
Home » » ကချင်ဝန်ကြီးချုပ်လုံခြုံရေး ဗုံးပေါက်ကွဲမှု တစ်ဦးသေ၊ သုံးဦးဒဏ်ရာပြင်းထန်

ကချင်ဝန်ကြီးချုပ်လုံခြုံရေး ဗုံးပေါက်ကွဲမှု တစ်ဦးသေ၊ သုံးဦးဒဏ်ရာပြင်းထန်

Written By Live100 on Thursday, November 26, 2015 | 12:25 AM


ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ကိုတွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
 ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာအထွက်မှာ ဒီကနေ့မနက်က  ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းရဲ့ လုံခြုံရေးတပ်ဖွဲ့တစ်ဦးထံက လက်ပစ်ဗုံးပေါက်ကွဲတာကြောင့် တပ်သားတစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဖားကန့်ခရီးစဉ်မှာ လုံခြုံရေးတာဝန်နဲ့ အတူလိုက်ပါလာတဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးချစ်ဦးက ပေါက်ကွဲမှုဖြစ်တဲ့အခြေအနေကို အခုလိုပြောပါတယ်။

"ခလရ ၁ဝ၂ က လမ်းလုံခြုံရေးယူဖို့ဆိုပြီးတော့ ကားပေါ်အထွက်မှာ ရင်ဘတ်မှာချိတ်ထားတဲ့ လက်ပစ်ဗုံးက ဖြူးထည့်ထားတော့ ပြုတ်ကျပြီးတော့ ကွဲတာဖြစ်ပါတယ်၊ လက်ပစ်ဗုံးကွဲပြီးတော့ တစ်ယောက်သေတယ်ပေါ့၊ ကျန်တဲ့လေးယောက် ဒဏ်ရာရတယ်လို့ အကြမ်းဖျင်းသိရပါတယ်၊ ကားပေါ်တက်တဲ့အချိန် စုမိလျှက်နဲ့ သုံးယောက်လေးယောက် ဒဏ်ရာရကုန်တာဖြစ်ပါတယ်"

ကချင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ဖားကန့် ခရီးစဉ်လုံခြုံရေးအတွက် မိုးကောင်း-ဖားကန့် ကားလမ်းမတစ်လျှောက် လုံခြုံရေးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ဦးဆောင်တဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာ ဖားကန့်မြို့နယ် ဆိုင်းအောင်ကျေးရွာအနီးက ကမ်ခမ်စုပေါင်းမြေစာပုံပြိုကျတဲ့နေရာကို မနေ့ကသွားရောက် စစ်ဆေးခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ငွေကြေးထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template