Headlines News :
Home » , » အမေရိကားရောက် မြန်မာများ မဲစာရင်းပေးဖို့ သံရုံးနှိုးဆော်

အမေရိကားရောက် မြန်မာများ မဲစာရင်းပေးဖို့ သံရုံးနှိုးဆော်

Written By လွင့်မောင်မောင် on Monday, June 29, 2015 | 1:28 PM


 ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်တစ်ခုမှာ မဲစာရင်း လာရောက်ကြည့်ရှုဖို့ နှိုးဆော်ကြော်ငြာထားစဉ် Photo: Aung Thain Kha/ RFA

အခုလာမယ့် အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲ မှာ ပြည်ပရောက်မဲဆန္ဒရှင်တွေ မဲဆန္ဒပေးနိုင်ဖို့ စာရင်းပေး သွင်းနိုင်တယ်လို့ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ မြန်မာသံရုံးက ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် သက်ဆိုင်ရာနိုင်ငံတွေကို တရားဝင်ရောက် ရှိနေပြီး မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားတဲ့ အသက် ၁၈ နှစ်ပြည့်ပြီး သူတွေ စာရင်းပေးသွင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီနှစ် အောက်တိုဘာလကုန်မှာ အသက် ၁၈ နှစ်ပြည့်မယ့် သူတွေပါ စာရင်းသွင်းနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ အရှေ့ဘက်ခြမ်း ၀ါရှင်တန်ဒီစီမြို့တော်မှာ ရှိတဲ့ မြန်မာသံရုံး၊ နယူးယောက်မြို့မှာရှိတဲ့ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ အနောက်ဘက်ခြမ်း ကယ်လီ ဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးတွေကို စာရင်းပေးသွင်းနိုင်တယ်လို့ ပြော ပါတယ်။

အသေးစိတ်ကို သံရုံးအင်တာနက် စာမျက်နှာ www.mewashingtondc.com မှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template