ဓါတ်ပုံ- ၈၃ ကြိမ်မြောက် မြို့နယ်အဆင့် ထိုင်း - မြန်မာ နယ်ခြားကော်မတီ အစည်းအဝေး (ဓါတ်ပုံ- မတိချွန်းသတင်းစာမှ)
ဂျူလိုင် ၁ ရက် ၂၀၁၅
၂၀၁၅ ဂျွန် ၃၀ ရက် သျှမ်းပြည်အရှေ့ပိုင်း မြို့နယ်အဆင့် ထိုင်း - မြန်မာ
နယ်ခြား ကော် မတီများ နယ်စပ်ဖြတ်ကျော် အရေးကိစ္စများ ဆွေးနွေးရာ တွင်
ထိုင်းနယ်စပ်မျဉ်းပေါ် ရှိ ၀ တပ် စ ခန်း ၇ ခု တပ်ဆုတ်ဖို့ မြန်မာအစိုးရကို
ထိုင်းအာဏာပိုင်က တောင်းဆိုလိုက် သည်။
သုံးလတကြိမ် လုပ့်လေ့လုပ်ထရှိသည့် အဆိုပါ ထိုင်း - မြန်မာ နယ်ခြားကော် မတီ
အစည်း အဝေးတွင် နယ်စပ်ဖြတ်ကျော်လာသည့် မှုခင်းကိစ္စ၊ မူးယစ်ေ ဆး ဝါးကိစ္စ၊
နယ်စပ်မျဉ်းကိစ္စ၊ လူကုန်ကူးကိစ္စ အပါဝင် စစ်ရေးတင်း မာနေ သည့် ၀ တပ်ဖွဲ့
နှင့် အစိုးရတပ်မတော်ကြား စစ်ရေးအခြေ အနေ ဆွေးနွေးရာ တွင် ထိုင်းနယ်စပ်
ချင်းမိုင်ခရိုင်နှင့် ကပ်လျှက်ရှိနေသည့် ၀ တပ်စခန်း ၇ ခုအား ဖယ်ရှားပေးရန်
တောင်းဆိုလိုက်သည်ဟု ထိုင်းနိုင်ငံ မတိချွန်း သတင်းစာက ရေးသားသည်။
“ကျနော်တို့ကနေ ၀ နဲ့ အစိုးရ ကြား စစ်ရေးတင်းမာမှုကိုမေးမြန်းတယ်။ တိုက်
ပွဲဖြစ်ရင် မလွယ်ဘူး။ စစ်ဘေးစစ်ဒဏ်က ထိုင်းကော ထိတယ်။ မြန်မာပြည် ထဲက
စစ်ပြေး တွေဒီဘက် ကို အကုန်ရောက်လာမယ်။ နယ်စပ်မှာ တိုက်ပွဲမဖြစ် ဖို့ ၀ တွေ
ဖယ်ပေးဖို့ ကျနော်တို့ တောင်းဆိုလိုက်တော့ သူတို့လဲ လွယ်လန်းမှာ ရှိတဲ့
ကျနော်တို့ တပ်စခန်းကို ဖယ်ပေးဖို့ တုန့်ပြန်တယ်။ ဖယ်မယ်
မဖယ်ဘူးဆိုတာတော့မသိဘူးလေ၊ သူတို့လဲ အထက်ကို တင်ပြ မယ်။ ကျနော်တို့လဲ
အထက်ကို တင်ပြမယ်။” - ဟု အမည်မဖေါ်လိုသည့် ထိုင်းလုံခြုံ ရေး အရာရှိကြီး တဦး
ကပြောသည်။
ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် တွင်နေထိုင်သည့် ဦးခွန်းဆေက -
ပိန်းလုံ၊ လတ်တိုင် ဘက် မှာ ဘဲ နှစ်ခု - သုံးခု ရှိတယ်။ လွယ်ထွေ့ဘက်၊
နောင်အွတ် ဘီပီဝမ်းဘက်မှာကောဘဲ ၀ တပ် စခန်းတွေရှိတယ်လေ - ဟု ပြောသည်။
ယခု ထိုင်း-မြန်မာ နယ်ခြားကော်မတီ တွေ့ဆုံမှုသည် ၈၃ ကြိမ်မြောက်ြ ဖစ်သည်။
ထိုင်းအစိုးရ နှင့်မြန်မာအစိုးရတို့သည် စစ်အစိုးရလက်ထက် ကတည်းက ‘ထိုင်း-
မြန်မာ နယ်ခြားကော်မတီ’ ဖွဲ့စည်းထားပြီး မြို့နယ်အဆင့် TBC အစည်းအဝေးကို ၃
လတကြိမ် ၊ တိုင်းအဆင့် RBC အစည်းအဝေးကို ၆ လ တကြိမ်၊ နိုင်ငံတော်အဆင့် JBC
ကို ၁ နှစ် ၁ ကြိမ် ဆွေးနွေးပွဲကျင်းပလေ့ရှိ သည်။
ထိုင်း - မြန်မာ နယ်ခြားကော်မတီဖွဲ့စည်းထားတကဲ့သို့ တရုတ်နယ်စပ်တွင်လဲ
တရုတ်-မြန်မာနယ်ခြားကော်မတီ ဖွဲ့စည်းထားပြီး ယခုကဲ့သို့ မကြာခဏေ
တွ့ဆုံဆွေးနွေး လေ့ရှိပါသည်။
သျှမ်းသံတော်ဆင့်