Headlines News :
Home » » တကသ ကျောင်းသားခေါင်းဆောင် ကိုပိုင်ရဲသူ ဖမ်းဆီးခံရ

တကသ ကျောင်းသားခေါင်းဆောင် ကိုပိုင်ရဲသူ ဖမ်းဆီးခံရ

Written By Live100 on Thursday, July 2, 2015 | 7:49 PM


တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း လွှတ်တော်တွင်းက ထွက်သွားဖို့  ရန်ကုန်မြို့မှာ ဇွန်လ ၃၀ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေက ဖမ်းဆီး အရေးယူလိုက်ပါတယ်။
တကသ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပိုင်ရဲသူကို မြောက်ဥက္ကလာပက လမ်း ပေါ်မှာ အမည်မသိအဖွဲ့တဖွဲ့က ဒီကနေ့ ဖမ်းဆီးသွားတယ်လို့ တကသ ကျောင်းသားခေါင်း ဆောင်တဦးဖြစ်တဲ့ ကိုရဲဇာနည်ထွန်းက ပြောပါတယ်။
“ဟိုနေ့တုန်းက ကျနော်တို့ ဆန္ဒပြကြတယ်လေ။ အဲဒီနောက်ပိုင်းမှာ တချို့မီဒီယာ ကနေပြီးတော့ ရဲစခန်းကို လှမ်းမေးတော့ တရားစွဲထားတယ်ပေါ့ ၅ ဦးပေါ့။ ဒါပေမယ့် ကျနော်တို့ ဆီကို တရားဝင် အကြောင်းကြားတာ မရှိဘူး။ ဒါပေမယ့် ဒီကနေ့ ကျနော် တို့ ဆီက ဦးဆောင်ပါဝင်သူတယောက် ဖြစ်တဲ့ ကိုပိုင်ရဲသူကို မြောက်ဥက္ကလာမှာပဲ။ ဖမ်းသွားတယ်ပေါ့။ လမ်းပေါ်မှာပဲပေါ့။ အိမ်နားမှာပေါ့။ အရပ်ဝတ်တွေနဲ့ ဖမ်းသွားတယ်လို့ ပြောတာပဲလေ။ အခု ရန်ကုန်တိုင်း ရဲရုံးကို ပို့လိုက်ပြီလို့ ပြောတယ်။”
အခြေခံဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြမှုမှာ ပါဝင်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုနန်းလင်း၊ ကိုရဲဇာနည်ထွန်းနဲ့ ကိုမင်းသူကျော်ကို ပန်းဘဲတန်းမြို့နယ် ရဲစခန်းနဲ့ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့တို့က တရားစွဲဆိုထားတယ်လို့ သိရပေမယ့် သူတို့ တရားဝင်အကြောင်းကြားတာ မရှိဘူးလို့လည်း ပြောပါတယ်။
ကျောင်းတံတားရဲစခန်းကို မေးမြန်းရာမှာတော့ ကျောင်းသားတွေကို အရေးယူထားတာမရှိဘူးလို့ တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က တကသ ကျောင်းသားတွေ အပါအ၀င် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေက  အခြေခံဥပဒေ ပြင်ဆင်ပေးရေး၊  လွှတ်တော်တွင်းက တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း ထွက်ခွာပေးရေး စတဲ့ အချက်တွေကို ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template