ဆိုးလ် ဇူလိုင် ၃
တောင်ကိုရီးယား အရှေ့တောင်ပိုင်း အာလ်ဆန်မြို့တော်၌ ဟန်ဟွာ ရေဆိုးထုတ်
ဓာတုစက်ရုံအနီးတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားရာ ငါးဦးသေဆုံးခဲ့ပြီး
တစ်ဦးပျောက်ဆုံးနေကြောင်း ယိုနက်ပ်နယူးအေဂျင်စီက ဖော်ပြသည်။
ပေါက်ကွဲမှုသည် ဟန်ဟွာ အုပ်စုပိုင် ဒုတိယမြောက် ဓာတုစက်ရုံ၌ နံနက် ၉ နာရီ ၁၉
မိနစ်ခန့်က ဖြစ်ပွားခြင်း ဖြစ်သည်။ ရေဆိုးသန့်စင်သည့် ရေကန်အထက်ပိုင်း၌
ဂဟေဆော်ခြင်းလုပ်ငန်းလုပ်ကိုင်နေသော အလုပ်သမား ငါးဦးသေဆုံးခဲ့ပြီး
တစ်ဦးမှာ ပျောက်ဆုံးနေကာ သေဆုံးသူ အရေအတွက်မြင့်တက်လာဖွယ်ရှိသည်။
အလုပ်သမားတစ်ဦး ထက်မက ဒဏ်ရာအသေးအဖွဲရရှိခဲ့ကြသည်။
ပေါက်ကွဲမှုမဖြစ်ပွားခင် စက်ရုံတွင် စုစုပေါင်း ၁၁
ဦးအလုပ်လုပ်ကိုင်နေကြသည်။ ဂဟေဆော်ရာမှ ထွက်ရှိလာသည့်
ဓာတ်ငွေ့အကြွင်းအကျန်များကြောင့် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊
အကြောင်းအရင်းအတိအကျကိုစုံစမ်း လျက်ရှိကြောင်း သိရသည်။
(ဆင်ဟွာ)
Myanmaalinn