အစိုးရနဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အာရှလမ်းမပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ လင်မယား ၂ ဦး သေနတ်နဲ့ ပစ်ခံရပါတယ်။
ဇူလိုင် ၄ ရက် မနက် ၁၀ ကျော်ခန့်က ကော့ကရိတ်ကနေ မြ၀တီကို အလာလမ်းမှာ ပစ်ခံရတာ ဖြစ်ပါတယ်။
အမျိုးသားက တင်ပါးမှာ ထိမှန်ခဲ့သလို အမျိုးသမီးက ခြေသလုံးမှာ ထိမှန်ခဲ့တဲ့အတွက် ကော့ကရိတ် ဆေးရုံမှာ တက်ရောက် ကုသခံနေရပါတယ်။ ပစ်ခတ်တဲ့အဖွဲ့ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ညနေပိုင်းကနေ စတင်ပြီး မြ၀တီကောကရိတ် သွားတဲ့ လမ်းဟောင်း၊ လမ်းသစ်တွေကို ပိတ်ထားပါတယ်။
ဒီကနေ့ မနက် ၉ နာရီကလည်း သင်္ကန်းညီနောင်မြို့ထဲကနေ တပ်မတော်ဘက်က လက်နက်ကြီး ၁၀ လုံးလောက် ပစ်ခတ်ခဲ့ပါတယ်။
ဒဏ်ရာရရှိသွားသူ အမျိုးသား (ဓာတ်ပုံ – Mg Po Hpa-an)
ီDVB