Headlines News :
Home » » ကံပေါက်တွင် အမည်မသိ ရဟတ်ယာဉ်ငယ်တစ်စီး အရေးပေါ် ဆင်းသက်

ကံပေါက်တွင် အမည်မသိ ရဟတ်ယာဉ်ငယ်တစ်စီး အရေးပေါ် ဆင်းသက်

Written By Live100 on Thursday, July 2, 2015 | 8:30 AM

 
 |Dawei Watch| ထားဝယ်၊ ဇူလိုင် ၁
ထားဝယ်ခရိုင်၊ ရေဖြူမြိ့နယ်၊ ကံပေါက်ဒေသရှိ တိုတယ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ဇောတိက သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ ၅၈.၅ကီလိုမီတာ နေရာ  ဇွန်လ ၂၇ ရက်နေ့၊ မွန်းလွှဲ ၂နာရီခွဲခန့်အချိန်တွင် ရာသီဥတု အခြေအနေကြောင့် မည်သည့်ရဟတ်ယာဉ်ဟု မသိရသည့် ရဟတ်ယာဉ်ငယ်တစ်စီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ယင်းနေရာကို ရောက်ရှိ ခဲ့သည့် ကံပေါက်ဒေသခံ တချို့ထံမှ သိရသည်။
ယင်းရဟတ်ယာဉ်ငယ်တွင် မလေးရှားနိုင်ငံသား ယာဉ်မောင်း၂ဦးနှင့် အင်ဂျင်နီယာ ၁ဦးပါလာကြောင်း အထက်ပါ ဒေသခံများက ပြောသည်။
“ပါလာတဲ့သူတွေ တစ်စုံတရာ ထိခိုက်ဒဏ်ရာ မရဘူး၊ မြေပြင်အမှတ်အသား ကြည့်ပျံ သန်းခြင်း(Ground test flight) လုပ်တာ ဖြစ်နိုင်တယ်”ဟု ကံပေါက်ဒေသခံတစ်ဦးက ခန့်မှန်းသည်။
ယင်းဒေသတွင် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများမှ အသုံးပြုသည့် ရဟတ်ယာဉ်များ ပျံသန်း/ဆင်းသက်လေ့ရှိသော်လည်း ယခု ဆင်းသက်ရသည့် ရဟတ်ယာဉ်ငယ်သည် အဆိုပါ ကုမ္ပဏီများက မဟုတ်ဟု တိုတယ်ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက အတည်ပြုသည်။
ယင်းရဟတ်ယာဉ်ငယ်ကိစ္စနှင့် ပတ်သက်ပြီး မည်သည့်လေယာဉ်ဖြစ်သည်၊ မည်သည့်ခရီးစဉ်ကို ပျံသန်းပြီး မည်သည့်အတွက် ပျံသန်းသည် စသဖြင့် အသေး စိတ်ကို အတည်ပြုနိုင်ရန် ထားဝယ်လေဆိပ်မှ တာဝန်ရှိသူ၏  တယ်လီဖုန်းအား ဆက်သွယ် မေးမြန်းရာ ဖုန်းပြန်လည်ဖြေဆိုခြင်း မရှိပေ။
ထို့ကြောင့် ရန်ကုန်လေယာဉ်ကွင်း၊  မြန်မာ့လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ရဟတ်ယာဉ်အရေးပေါ်ဆင်းသက်ရသည်ကို ကြားသိရပြီး ဆင်းသက်ရခြင်း ပျံသန်းခြင်းနှင့် ပတ်သက်သည့် အသေးစိတ်ကိုမူ သတင်းမထုတ်ပြန်နိုင်သေးဟု ဇူလိုင်လ ၁ ရက်နေ့ ညနေက ပြောသည်။
“အထက်လူကြီးတွေကို မေးပြီး မနက်ဖြန်မှ ပြန်ပြောပေးမယ်”ဟု ယင်းဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
မြေပြင် အမှတ်အသားကြည့် ပျံသန်းခြင်းသည် ရာသီဥတုကောင်းသည့်အချိန်တွင်သာ ပျံသန်းလေ့ရှိပြီး လေကြောင်း လမ်းပြ လည်းပါရသည်ဟု ကြားဖူးသော်လည်း  ယခုကဲ့သို့ တစ်စီးတည်း ပျံသန်းလာသည့်အပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်ဟု အထက်ပါ ကံပေါက်ဒေသခံက ဝေဖန်သည်။
ယင်းရဟတ်ယာဉ်ငယ်မှာ ဇွန်လ ၂၉ရက်နေ့ နံနက် ၇နာရီခန့်တွင် ပြန်လည် ပျံသန်း ထွက်ခွာသွားသည်ဟု ဒေသခံများထံမှ သိရသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template