Headlines News :
Home » » အစိုးရနှင့်ဆွေးနွေးရန် တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အကြိုညှိနှိုင်း

အစိုးရနှင့်ဆွေးနွေးရန် တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အကြိုညှိနှိုင်း

Written By Live100 on Thursday, July 2, 2015 | 7:56 PM


အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေးကိစ္စ ဆက်လက်ဆွေးနွေးဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ညှိနှိုင်းစည်းဝေးပွဲကို ဇူလိုင် ၂ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ကျင်းပပါတယ်။
ဇူလိုင် ၃ ရက် ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့တဲ့အခါ ဆွေးနွေးကြဖို့ ကြိုတင်ညှိနှိုင်း ဆွေးနွေးတာလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်က ပြောပါတယ်။
00285_x264.mp4.Still001“အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းကို သူတို့ မရှင်းလင်းတာ ကျမတို့ အဓိကထားပြီး ရှင်းလင်းပြမယ်။ ဘာဖြစ်လို့ ဖွဲ့ရသလဲဆိုတဲ့ အကြောင်းရင်း၊ ဒီဖွဲ့ရခြင်း အကြောင်းကတော့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အရ ဖွဲ့ရခြင်းဖြစ်တယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ဆက်လက်ညှိနှိုင်းဖို့ ဖွဲ့ရခြင်းဖြစ်တယ်ဆိုတာကို ရှင်းပြမယ်။”
အစိုးရဘက်က လော်ခီးလာညီလာခံက ဖွဲ့ပေးလိုက်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို လက်မခံလိုတဲ့သဘော ထုတ်ပြောထားပေမယ့် ဇူလိုင် ၃ ရက်မှာတော့ နှစ်ဘက် တွေ့ဆုံကြဖို့ ရှိပါတယ်။
ဇွန်လဆန်း လော်ခီးလာညီလာခံက အပစ်ရပ်စာချုပ်မူကြမ်း အချက်တချို့အပေါ် ပြင်ဆင်ဖြည့်စွက်လိုက်တာကိုလည်း အစိုးရဘက်က လက်မခံလိုတဲ့ လက္ခဏာ ပြသနေပေမယ့် အစိုးရရဲ့ သဘောထားကို ဇူလိုင် ၃ ရက် ဆွေးနွေးပွဲကျမှ ၀န်ကြီးဦးအောင်မင်းက တရားဝင် ထုတ်ဖော်ပြောဆိုမှာ ဖြစ်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ကြား ၁ နှစ်ခွဲလောက် အချိန်ယူ ဆွေးနွေးခဲ့ကြပြီး မတ် ၃၁ ရက်မှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း (အန်စီအေ) ပါ စာသားတွေကို နှစ်ဘက်သဘောတူ လက်မှတ်ထိုးထားကြပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template