၂၀၁၆ ခုနှစ် ဘာရိန်းနိုင်ငံမှာ ကျင်းပမယ့် အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ယူ ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အုပ်စု (ဆ)ပွဲစဉ်တွေ ထွက်ပေါ်လာပါတယ်။
အုပ်စု (ဆ) မှာတော့ မြန်မာ အသင်းဟာ ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူးနိုင်း၊ အရှေ့တီမော အသင်းတွေနဲ့ အတူ ကျရောက်နေပါတယ်။
စက်တင်ဘာ ၃၀ ရက်မှာ မြန်မာနဲ့ ဘရူးနိုင်း၊ အောက်တိုဘာ ၂ ရက်မှာ မြန်မာနဲ့ တီမော၊ အောက်တိုဘာ ၄ ရက်မှာ မြန်မာနဲ့ ဟောင်ကောင်၊ အောက်တိုဘာ ၆ ရက်မှာ မြန်မာနဲ့ ဗီယက်နမ်တို့ ကစားကြမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲတွေကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၆ ရက်အထိ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်းမှာ ကစားသွားမှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲတွေကို အုပ်စု ၁၀ ခု ခွဲပြီး ကျင်းပတာဖြစ်သလို အုပ်စု ပထမရတဲ့ အသင်း ၁၀ သင်းနဲ့ အကောင်းဆုံး အုပ်စု ဒုတိယ ၅ သင်း၊ အိမ်ရှင် ဘာရိန်းအသင်းတို့ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘာရိန်း ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်တဲ့ အသင်း ၄ သင်းက ၂၀၁၇ ခုနှစ် တောင်ကိုရီးယားမှာ ကျင်းပမယ့် ယူ ၂၀ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
DVB