ဇန်န၀ါရီ ၂၁ ။
ဟိမ၀န္တာဒေသတွင် ကိန်းဝပ်စံပယ်သော ဗုဒ္ဓမြတ်စွာ၏ အရိုးဓါတ်တော်များသည်
ယနေ့ဇန်န၀ါရီ ၂၁-ရက်မွန်း လွဲပိုင်းက မန္တလေးသို့ အိန္ဒိယနိုင်ငံမှ
လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာပြီး Hotel United
Mandalayတွင်ခေတ္တသီတင်းသုံး တော်မူပြီးနောက် စစ်ကိုင်းသီတဂူ
ဗုဒ္ဓတက္ကသိုလ်သို့ ပင့်ဆောင်ခဲ့ကြောင်းသိရသည်။
အရိုးဓါတ်တော်ကို ဖူးမျှော်နိုင်ရန်အတွက် အပူဇော်ခံမည်ဖြစ်ပြီး
၂၁-ရက်နှင့်၂၂-ရက်တွင် စစ်ကိုင်း ဗုဒ္ဓ တက္ကသိုလ်၊ ၂၂-ရက်နေ့ ညနေပိုင်းတွင်
စစ်ကိုင်းကောင်းမှုတော်၊ ၂၃-ရက်နေ့တွင် မန္တလေး
မဟာမြတ်မုနိ၊မိုးကောင်းဓမ္မာရုံ၊ ၂၄-ရက်နေ့တွင်
မန္တလေးသုဓမ္မာကျောင်းတော်၊၂၅-ရက်တွင် နေပြည်တော် ဥပါတသန္တိ
စေတီတော်၊၂၆-ရက်နေ့တွင် တောင်ငူမြို့ရွှေဆံတော်ဘုရား၊၂၇-၂၈-ရက်နေ့များတွင်
ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်တို့တွင် သီတင်းသုံး ပူဇော်ခံမည်ဖြစ်ကြောင်း
သိရသည်။
စစ်ကိုင်းမြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် တိဗက်ဘုန်းတော်ကြီးများနှင့်
နိုင်ငံအသီးသီးမှ ဘာသာရေး ခေါင်းဆောင်များတက်ရောက်ကြမည့်
ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံကို ၂၂-ရက်မှ ၂၃-ရက်နေ့ထိ
သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး ဗုဒ္ဓအရိုးဓါတ်တော်များ ပင့်ဆောင်ပူဇော်ခံခြင်း ဖြစ်သည်ဟုဆိုသည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)