Headlines News :
Home » , » RCSS/SSA နှင့် TNLA တို့ သျှမ်းပြည်မြောက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

RCSS/SSA နှင့် TNLA တို့ သျှမ်းပြည်မြောက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

Written By Live100 on Wednesday, January 20, 2016 | 9:40 AM

သျှမ်းပြည်မြောက်ပိုင်း မြို့နယ်အချို့၌ RCSS/SSA သျှမ်းပြည်တပ်မတော် နှင့် PSLF/TNLA တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားသောကြောင့် နှစ်ဘက် ထိခိုက်ကျဆုံးမှု များရှိသည်ဟု သိရသည် ။


RCSS မှထုတ်ပြန်သည့် တိုက်ပွဲအတွင်း သိမ်းဆည်းရမိ ပစ္စည်းများ
RCSS/SSA နှင့် PSLF/TNLA တို့အကြား  ဂျန္နဝါရီလ ၁၃ ရက်က ကျောက် မဲမြို့နယ် ကန့်ကန် ကျေးရွာ ၊ ၁၇ ရက် လွယ်ဆာကျေးရွာ ၊ ၁၈ရက်နေ့  တော့ဆန်ကျေး ရွာ ၊  သီပေါမြို့နယ် ကွန်ဟောတ်ကျေးရွာ ၊ ၁၉ ရက်နေ့ ကျောက်မဲမြို့နယ် ဝမ့်လွယ်ယင်ကျေးရွာ တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားသည်ဟု ဒေသခံများက ပြောသည် ။


အင်အား ၁၀၀၀ ကျော် ရှိသည့် RCSS/SSA တပ်ဖွဲ့ဝင်များက မြန်မာ့ တပ်မတော် နှင့်အတူ ပူးပေါင်း၍ ၎င်းတို့အား လိုက်လံထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု PSLF/TNLA ပြန်ကြားရေးဌာန က ထုတ်ပြန်သည် ။


“ ဗမာ့တပ်မတော် နဲ့ ပူးပေါင်းတိုက်ခိုက်တာတွေမရှိပါဘူး ။ ကိုယ့်လမ်းကို သွားတာ သူတို့က ခြုံခို တိုက်ခိုက် တာ။ ကြိုတင်သတင်းရ လို့ တော်သေး တယ် ။ ကျနော်တို့က ကိုယ့်ကိုယ်ကာကွယ် တာဘဲရှိတယ် ။ လိုက်လံ တိုက်ခိုက်တာလုံးဝမရှိဘူး ။ ကျနော်တို့က သူတို့နဲ့ ပြသနာမတက်ချင်လို့ စာအကြိမ်ကြိမ် ရေးတယ် ။ အကြောင်းမပြန်လို့ တွေ့ဆုံဆွေးနွေးတဲ့အဆင့် မရောက်နိုင်ဘူး ” - ဟု ပြောရေးဆိုခွင့် ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိန်းက ပြောသည် ။


PSLF/TNLA ခေါင်းဆောင်ပိုင်းဖြစ်သည့် တာ့ဘုန်းကျော်က မြန်မာ့ သတင်းဌာနများသို့ RCSS/SSA နှင့် တွေ့ဆုံဆွေးနွေး ဖို့မရှိကြောင်း ၊ ပြသနာဖြေရှင်းလိုလျှင် ၎င်းတို့နေထိုင်ရာ သျှမ်းပြည်တောင်ပိုင်းသို့သာ တပ်ဆုတ်ပြန်ရမည်ဖြစ်ကြောင်း ပြောသည် ။


RCSS/SSA ကလည်း ၎င်းတို့တပ်အခြေစိုက်ရာအမှတ်  ရ၀၁ စစ်ဒေသသို့ စစ်ကြောင်းများ သင်တန်း ဆင်း၍ ပြန်သွားစဉ် PSLF/TNLA က စတင်ခြုံခို တိုက် ခိုက်သောကြောင့် တိုက်ပွဲများ ဖြစ်ပွားရသည်ဟု ပြော သည် ။ RCSS/SSA သည် သျှမ်းပြည်သားများ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ် သည့်အတွက် မည်သည့်နေရာ မဆိုသွားလာခွင့်ရှိသည်ဟု ပြောသည် ။


TNLA မှ ဖမ်းဆီးထားသည့် နမ့်ခမ်းမြို့နယ် မိုင်းဝီး ၊ ဟိုပန် ဒေသခံ ပြည်သူ ၁၂ ဦး ၊ မန်တုံမြို့နယ် မိုင်းခတ်ဒေသခံ ၁၁ ဦး  အနက် ၈ ဦး ပြန်လွှတ်ေ ပးပြီးသည်ဟု ဆိုသော်လည်း ဒေသံ ၁၅ ဦး ပြန် လွတ်ပေးခြင်းမရှိသေးဘူးဟု မူစယ်ခရိုင် လူငယ်ခေါင်းဆောင် စိုင်းဦးက ပြောသည် ။ ထို့အတူ  TNLA ဘက်ကလည်း ကျောက်မဲမြို့နယ် လွယ်ဆာ ဒေသခံ  ၁၁ ဦးအား RCSS/ SSA မှ ဖမ်းဆီးသွားသည်ဟု စွပ်စွဲထားသည် ။


တိုက်ပွဲဖြစ်ပွားနေမှုများသည် သျှမ်းပြည်လူထုသာ နှစ်နာစေသည့်အတွက် အစိုးရ တပ်မတော် အပါဝင် ထိုးစစ်ဆင်နေသည့် တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဖြေရှင်းကြပါရန် ညီညွတ်ေ သာတိုင်းရင်းသားများ မဟာမိတ် UNA က လဆန်းပိုင်း ထုတ်ပြန်ကြေငြာချက်ဖြင့် တောင်းဆိုထားသည် ။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template