Headlines News :
Home » » Delco ကုမ္ပဏီကို ကံပေါက် ဒေသခံများ ဆန္ဒပြ

Delco ကုမ္ပဏီကို ကံပေါက် ဒေသခံများ ဆန္ဒပြ

Written By Live100 on Tuesday, January 19, 2016 | 8:41 AM





|Dawei Watch| ထားဝယ်၊ ဇန်န၀ါရီ ၁၈
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် သတ္တုတူးဖော်လျက်ရှိသည့် Delco ကုမ္ပဏီကို ကံပေါက်ဒေသခံ ၁၀၀ ကျော်က ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။
Delco ကုမ္ပဏီအနေဖြင့် သတ္တုတွင်း ဥပဒေနှင့်အညီ လုပ်ငန်း လုပ်ကိုင်ရေးအတွက် ဆန္ဒပြခြင်းဖြစ်ပြီး ကုမ္ပဏီမှ ရှေ့ဆက်ပြီး လုပ်ငန်းလည်ပတ်ရန်မည်ဆိုလျှင် ဒေသခံများနှင့် သဟဇာတဖြစ်စေရေးအတွက်  အစိုးရ၊ ကုမ္ပဏီ၊ ဒေသခံတို့ ၃ပွင့်ဆိုင် တွေ့ဆုံ၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀ထိခိုက်မှုများ လျှော့ချနိုင်ရန် ဆွေးနွေးပွဲကို အမြန်ဆုံးအကောင်
အထည်ဖော်ရန် ဒေသခံများက လိုလားလျက်ရှိကြောင်း ဆန္ဒပြ ခေါင်းဆောင် ဦးခင်စိုးက ပြောဆိုသည်။

ကုမ္ပဏီနှင့်ဒေသခံများ တွေ့ဆုံအချိန်များတွင် ကုမ္ပဏီဖက်မှ အတည်ပြုနိုင်သော ကတိက၀တ်များကို ဆွေးနွေးခြင်းမရှိ သလို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ပေးခြင်း မရှိကြောင်း ၊ Delcoကုမ္ပဏီက ဇန်န၀ါရီလကုန်တွင် ဒေသခံများနှင့် တွေ့ဆုံမည့် အရေး နှင့်ပက်သက်၍ အကြောင်းအကြားပေးမည်ဟုပြောထား၍ လကုန်အထိစောင့်ကြည့်မည်ဖြစ်ကြောင်း ၄င်း
ကပြောဆိုသည်။
"နောက်ဆုံး အခြေအနေမျိုးမှာ မိုင်းဖက်(သတ္တုမိုင်း)က ဘာမှ မီးစိမ်းမပြရင်တော့ စီမံကိန်းရပ်ဆိုင်းသည်အထိတော့လုပ်
ဆောင်သွားမယ်၊ သပိတ်မှောက်မယ်၊ တရားစွဲဆိုတာတွေကို ဆက်လုပ်သွားမယ်"ဟု ဦးခင်စိုးက ဆိုသည်။
အဆိုပါ သတ္တုမိုင်းမှ၂၀၁၅ခုနှစ် စက်တင်ဘာလ ၂၃ရက်နေ့တွင် ရေကန်ပေါက်ကျပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် ထိခိုက် နစ်နာမှုအပေါ် အခြေခံ၍ ဒေသခံများနှင့် အကြိမ်ကြိမ်ဆွေးနွေးသော်လည်း ယခုအချိန်အထိ ကုမ္ပဏီဖက်မှ ဒေသခံများ ကျေနှပ်လောက်အောင် ဆွေးနွေးမှု မပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ယင်းသို့ ညှိနှိုင်းမှု မပြေလည်ဖြစ်နေသည့်အကြားမှ ဇန်န၀ါရီလ ၅ ရက်နေ့ ည ၁နာရီနှင့် ၂ နာရီ အကြားအချိန်တွင် ရေကန် ထပ်မံပေါက်ကျလာရာမှ ရေကန်အောက်ဖက်ရှိ ရဲရင့်ချောင်းအတွင်း ရေ ၄ပေကျော်အထိမြှင့်တက်လာခဲ့ပြီး တစုံတရာ ထိခိုက်မှု မရှိသော်လည်း ချောင်းတစ်လျောက်နေထိုင်သူများ ထိတ်တလန်ဖြင့် ညဖက်ထွက်ပြေးခဲ့ရကြောင်း ကံပေါက်ဒေသ ခံများထံမှ သိရသည်။
ဇာတီကျေးရွာရှိ အိမ်ခြေ ၅၀၀ဦခန့်ရှိသည့်အနက် ၂၀၀ဦးခန့်မှာ ချောင်းအတွင်း သား၊ ငါး၊ ခရုစသော ရေနေသေတ္တ၀ါ များကို ရှာဖွေစားသောက်လျက်ရှိသူများဖြစ်၍ စွန့်ပစ်မြေစာများကြောင့် ချောင်းတိမ်ကော့လာလျှင် သက်မွေးဝမ်းကျောင်းအတွက် အခက်အခဲ့ဖြစ်လာနိုင်ကြောင်း ယင်းကျေးရွာမှ ဒေါ်အင်ပိုက ပြောဆိုသည်။
အလားတူ သတ္တုမိုင်းမှ မြေစာစွန့်ပစ်မှုကြောင့် လေသာတောင်၏ နောက်ဖက်တွင် သီးနှံပင်များ၊ လယ် ယာများ စွန့်ပစ်မြေစာဖုံးခြင်းများ ကြုံတွေ့နေရပြီး သီးနှံပင်များလည်း ထိခိုက်မှုများနှင့်ကြုံတွေ့နေရကြောင်း ပရကျေးရွာမှ ဦးစန်းအောင်က ပြောဆို သည်။
ဆန္ဒထုတ်ဖော်သူများသည် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသော  DELCO ကုမ္ပဏီအား အယုံအကြည်မရှိ၊ ကျေးလက်နေ ဒေသခံပြည်သူများအား ဥပဒေကို လက်တစ်လုံးခြားလုပ်၍ အနိုင်မကျင့်ပါနဲ့၊ အုပ်ချုပ်ရေးအာဏာ၊ဥပဒေပြုရေး အာဏာ
ပိုင်ဆိုင်သူများ မဆိုင်သလိုကြည်ပမနေပါနဲ့ဟု ပိုစတာဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မိချောင်းအိုင်ရပ်ကွက် ဘော်လုံး
ကွင်းမှ မိချောင်းအိုင်း-ကံပေါက်လမ်းအတိုင်း ကံပေါက်ဘော်လုံးကွင်းသို့ ချီတက်ကာ ဆန္ဒထုတ်ဖော်ကြသည်။

ဆန္ဒထုတ်ဖော်သူများက ကံပေါက်ဒေသ သဘာဝအရင်းအမြစ်များထိခိုက်မှုမရှိစေရေး-ဒို့အရေး၊ မြစ်ချောင်းအင်းအိုင်များ မပျက်စီးစေရေး-ဒို့အရေး၊ သဘာဝတောတောင်နှင့်ပတ်ဝန်းကျင်များမပျက်စီးစေရေး၊ ရေဆိုးရေညစ်များချောင်းထဲ့သို့ လုံးဝမစွန့်ပစ်ရေး-ဒို့အရေးဟု ကြွေးကြော်ခဲ့ကြသည်။

ကံပေါက်သတ္တုမိုင်းကို အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် DELCOကုမ္ပဏီတို့ အကျိုးတူလုပ်ကိုင်လျက်ရှိပြီး  DELCOကုမ္ပဏီ က၂၀၁၀ခုနှစ်မှ ၂၀၂၀ခုနှစ်အထိ မြေဧက ၂၀၈၇ ဧက လုပ်ကိုင်ခွင့်ရရှိထားသည်ဟု သိရသည်။

ကံပေါက်သတ္တုမိုင်းသည် ထားဝယ်မြို့ မှ ၅၅မိုင်ကျော်အကွာအဝေးရှိပြီး ယင်းသတ္တုမိုင်းသည် ထားဝယ်-ရန်ကုန် လမ်းမ ကြီးနဘေးမိုင်တိုင်အမှတ် ၄၆မိုင်ကျော်လမ်းခွဲမှ ၉မိုင်ကျော်ခရီးရှိသော ကံပေါက်ကျေးရွာတွင် တည်ရှိသည်။


Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template