Headlines News :
Home » » စည်းကမ်းမလိုက်နာသဖြင့် သတ္တုတွင်း ကုမ္ပဏီကို အရေးယူရန် ကလုံးထာ ရွာခံ တစ်ရာကျော် တိုင်ကြား

စည်းကမ်းမလိုက်နာသဖြင့် သတ္တုတွင်း ကုမ္ပဏီကို အရေးယူရန် ကလုံးထာ ရွာခံ တစ်ရာကျော် တိုင်ကြား

Written By Live100 on Tuesday, January 19, 2016 | 12:47 PM






A&A ၏ သတ္တုလုပ်ကွက်အား တွေ့ရစဉ် ၊ ဓာတ်ပုံ - တင့်လွင် / Dawei Watch

|Dawei Watch| ထားဝယ်၊ ဇန်နဝါရီ ၁၇
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာ၌ အကြီးစားသတ္တုတူးဖော်ခွင့်
ရရှိထားသော  A&A NRD ကုမ္ပဏီက သတ္တု တူးဖော်ရာမှထွက်ရှိလာသော
စွန့်ပစ်မြေစာနှင့် ရေနောက်များကို ချောင်းအတွင်းသို့
တိုက်ရိုက်စွန့်ပစ်ခြင်းအား အရေးယူပေးရန် ဇန်နဝါရီလ ပထမအပတ်က
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ
့ထံ အိတ်ဖွင့်စာပေးပို့ထားကြောင်း
ယင်းကျေးရွာမှ ဒေသခံများက ပြောကြားသည်။
ကလုံးထာကျေးရွာမှ ဒေသခံ ၁၁၇ ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့၊
သစ်တောနှင့်သတ္တုရေးရာဝန်ကြီးနှင့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်း
အထွေထွေမန်နေဂျာနှင့် သက်ဆိုင်ရာဌာနနှင့်
အုပ်ချုပ်ရေးအဖွဲ့အစည်းများတို့ထံ အထက်ပါစာအား ပေးပို့ခဲ့ကြောင်း သိရသည်။
A&A NRD ကုမ္ပဏီက သတ္တုမိုင်းတူးဖော်ရာမှ ချောင်းအတွင်းသို့
စွန့်ပစ်မြေစာနှင့် ရေနောက်များ တိုက်ရိုက်စွန့်ပစ်ခြင်း၊
သဘာဝအတိုင်းစီးဆင်းလျက်ရှိသော ရေလမ်းကြောင်းအား
ပြောင်းလဲအောင်ပြုလုပ်ခဲ့ကြောင်း အိတ်ဖွင့်တိုင်ကြားစာ၌ ရေးသားထားသည်။
ချောင်းအတွင်း မြေစာစုပုံခြင်း၊ သတ္တုသန့်စင်ခြင်းတို့ကြောင့် ကျေးရွာ၏
ရေချိုအရင်းအမြစ်ဖြစ်သော ကလုံးထာချောင်းမှာ မူလရေကြည်စီးဆင်းရာမှ
ရေနောက်များစီးဆင်းလာခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။
“သတ္တုမလုပ်တဲ့ညဖက်ပဲ ရေကြည်တယ်၊ နေ့ဖက်ဆို လုပ်ကွက်အောက်ဖက် တလိုင်းယာ
(ရွာ) အထိ ရေနောက်ကျနေတယ်ဓဟု ကလုံးထာကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ
ဦးလှရွှေက ဆိုသည်။
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေတွင် မည်သူမျှ
ရေချောင်းအား တားဆီးပိတ်ဆို့စေခြင်း၊ ရေလမ်းကြောင်းလွှဲပြောင်းစေခြင်း
အများပြည်သူသောက်သုံးနေသော ချောင်းရေအတွင်း
အညစ်အကြေးစွန့်ပစ်ခြင်းမပြုရဟု ဖော်ပြထားပြီး ၁၉၉၆ခုနှစ်၊
သတ္တုတွင်းနည်းဥပဒေတွင်လည်း ချောင်းအတွင်းသို့ အညစ်အကြေးနှင့်
စွန့်ပစ်ပစ္စည်းများ တိုက်ရိုက် စွန့်ပစ်ခြင်းမပြုရဟု ဖော်ထားသည်။
ကလုံးထာချောင်းရေ ပျက်စီးခြင်းကြောင့် ကျေးရွာအတွင်း
သောက်သုံးရေရှာပါးခြင်း၊ ရေသေတ္တဝါရှားပါးလာခြင်း၊ မြစ်
ချောင်းတိမ်ကောလာခြင်း၊ ရေမျက်နှာပြင်မြင့်တက်လာခြင်း၊
သောင်ထွန်းခြင်းနှင့် ကမ်းပြိုခြင်းပြဿနာရပ်များကြောင့်
အများပြည်သူထိခိုက်နစ်နာလျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။
ကုမ္ပဏီမှ ချောင်းအတွင်း သတ္တုတူးဖော်ခြင်းကို စနစ်တကျလုပ်ဆောင်ပေးရန်
၊စနစ်ကျသော ရေစစ်ကန်များ လုပ်ဆောင် ပေးရန် လိုအပ်ကြောင်း ၎င်းတို့က
ပြောဆိုသည်။
ကလုံးထာအကြီးစားသတ္တုတွင်းလုပ်ငန်းကို ၁၉၃၇ ခုနှစ်မှစ၍ Consolidated Tin
Mines of Burma(CTMB) ကုမ္ပဏီက လုပ်ကိုင်ခဲ့ပြီး ၁၉၄၈ခုနှစ်နောက်ပိုင်းမှ
၁၉၉၃ ခုနှစ် အထိ သတ္တုတွင်းဝန်ကြီးဌာနကထုတ်လုပ်ခဲ့ကာ ၁၉၉၃
ခုနှစ်နောက်ပိုင်း တွင် ပုဂ္ဂလိက သတ္တုထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သည့်
ပုပ္ပားကုမ္ပဏီနှင့် A&A NRD ကုမ္ပဏီတို့လုပ်ကိုင်ခဲ့သည်ဟု သိရသည်။
လက်ရှိအချိန်တွင် A&A NRD ကုမ္ပဏီက ၁၆၄၅ ဧကတွင် ခဲ့မဖြူ၊ အဖြိုက်နက်နှင့်
ရောရာသတ္တုများကို တူးဖော်ထုတ်လုပ်လျှက်ရှိသည်ဟု
အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ တိုင်းအထွေထွေမန်နေဂျာရုံး မှတ်တမ်းအရသိရသည်။
ယင်းသတ္တုမိုင်းသည် ထားဝယ်မြို့မှ ၂၂ မိုင်ကျော်အကွားအဝေးတွင် တည်ရှိပြီး
ထားဝယ်-ရန်ကုန် ကားလမ်းမကြီးအပေါ်ရှိ လမ်းခွဲဝင်ရောက်ရသည်။
သတ္တုလုပ်ကွက်သည် ကလုံးထာကျေးရွာလယ်တွင် တည်ရှိသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template