Headlines News :
Home » » ဂန့်ဂေါတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၅၁)လုံး အမိုးလန်ပျက်ဆီး

ဂန့်ဂေါတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂၅၁)လုံး အမိုးလန်ပျက်ဆီး

Written By Live100 on Sunday, April 23, 2017 | 9:14 PM



မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်း ဧပြီ(၂၂)ရက်နေ့က လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်(၂၅၁)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
 ဖြစ်စဉ်မှာ ဧပြီ(၂၂)ရက်နေ့ မွန်းလွဲ(၃)နာရီ(၄၅)မိနစ်အချိန် မှ ညနေ(၄)နာရီ(၁၅)မိနစ်အချိန်ထိ လေပြင်းများ တိုက်ခတ်ခဲ့သောကြောင့် ဂန့်ဂေါမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ဘုန်းကြီးကျောင်း(၁)ကျောင်း၊လူနေအိမ်(၄)လုံး၊ ကျောမြို့၊ အမှတ်(၁)ရပ်ကွက်တွင် လူနေအိမ် (၆)လုံး၊ ဂန့်ဂေါမြို့နယ်၊ ပြစ်မကျေးရွာတွင် လူနေအိမ်(၄)လုံး၊ ဇာဟောကျေးရွာတွင် လူနေအိမ်(၁၃)လုံး၊ အနောက်ဂန့်ဂေါ ကျေးရွာတွင် လူနေအိမ်(၃)လုံး၊ အုတ်လှကျေးရွာတွင် လူနေအိမ်(၂)လုံး၊ ရှုံးရှီးကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်း၊လူနေအိမ်(၁၃)လုံး၊ ပိတောက်ကုန်းကျေးရွာတွင် လူနေအိမ်(၇)လုံး၊ လုံခြုံကျေးရွာတွင် လူနေအိမ်(၂)လုံး၊ ယင်းမာကျေးရွာတွင် လူနေအိမ်(၈၂)လုံး၊ စာသင်ကျောင်း(၁)ကျောင်း၊ စပယ်ကျေးရွာတွင် လူနေအိမ်(၂၉)လုံး၊ စာသင် ကျောင်း(၁)ကျောင်း၊ စင်ပုံကျေးရွာတွင် လူနေအိမ်(၇၈)လုံး၊ ပနန်းကျေးရွာတွင် လူနေအိမ်(၃)လုံး၊ အိမ်သစ်ကျေးရွာတွင် လူနေအိမ်(၁)လုံး၊ ရွှေဘိုကျေးရွာတွင် ပညာရေးဝန်ထမ်းအိမ်ရာ(၁)လုံး၊ြ
မင်သားကျေးရွာတွင် လူနေအိမ်(၄)လုံး၊ ပညာရေး ဝန်ထမ်းအိမ်ရာ(၁)လုံးတို့ အမိုးလန်ပျက်စီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဂန့်ဂေါမြို့နယ်အတွင်း စုစုပေါင်း ရပ်ကွက်(၂)ကွက်၊ ကျေးရွာ(၁၄)ရွာတို့ မှ လူနေအိမ်(၂၅၁)လုံး၊ စာသင်ကျောင်း(၂)ကျောင်း ၊ဘုန်းတော်ကြီး ကျောင်း(၂)ကျောင်း၊ ဝန်ထမ်း အိမ်ရာ(၂)လုံးတို့ အမိုးလန်ပျက်စီးခဲ့ခြင်းဖြစ်ကာ ဆုံးရှုံးမှုတန်ဖိုးအနေဖြင့်(စိစစ်ဆဲ) ဖြစ်ကြောင်းသိရှိပြီး အခင်းဖြစ်ပျက်ဆီးမှု ဖြစ်ပွားရာနေရာများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညဏ်လှိုင်၊ မြို့နယ်ရဲမှူး ရဲမှူး ဝင်းထွဋ် တို့ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ လိုက်လံကူညီဆောင်ရွက်ပေး လျှက်ရှိကြောင်း သိရသည်။

ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template