Headlines News :
Home » » မျက်နှာဖုံးနှင့်ဘင်္ဂါလီနှစ်ဦးမှ ရွှေ၊ ငွေတောင်းရာ ဟန့်တားခဲ့သည့်အမျိုးသမီး ဓါးဖြင့်ခုတ်ခံရ

မျက်နှာဖုံးနှင့်ဘင်္ဂါလီနှစ်ဦးမှ ရွှေ၊ ငွေတောင်းရာ ဟန့်တားခဲ့သည့်အမျိုးသမီး ဓါးဖြင့်ခုတ်ခံရ

Written By Live100 on Tuesday, April 25, 2017 | 9:24 PM

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အိုးဖောက်ကျေးရွာတွင် ဧပြီလ ၂၅ ရက်နေ့ ညဥ့် ၁ နာရီအချိန်က မျက်နှာဖုံးနှင့်လူနှစ်ဦးမှ အိမ်ထဲသို့ဝင်ရောက်ပြီး ရွှေ၊ငွေများတောင်းသည်ကို ဟန့်တားခဲ့သူဒေါ်မဖြူကြီးအား ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါ်ဖြူမကြီး အသက်၊၂၈ နှစ်သည် ကျေးရွာအတွင်းရှိ အသိမိတ်ဆွေတစ်ဦး ကလေးမွေးဖွားရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး အသက် (၁၂) အရွယ် သမီးဖြစ်သူနှင့် အသက် (၆) နှစ်အရွယ် သားဖြစ်သူတို့ အိမ်တွင်ကျန်ခဲ့သည်ကို စိတ်မချ၍ပြန်လာစဉ် မျက်နှာဖုံးနှင့်လူနှစ်ဦးမှ ၄င်း၏သမီးဖြစ်သူထံမှ နားကတ်ချွတ်နေ သည်ကိုတွေ့ရသဖြင့် ဝင်ရောက်ဟန့်တားခဲ့ရာ ထိုသို့ဓါးဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်မှူး ရဲမှူးဇော်ဝင်းအောင်က ဆိုသည်။

“ သူ့သားသမီးတွေကို စိတ်မချလို့ အိမ်ကိုပြန်လာကြည့်တဲ့အခါ သူ့သမီးဆီက နားကတ်ကို ချွတ်နေတာ တွေ့လို့ ဝင်ပြီးတော့ဟန့်တားတယ်။ ဆိုတော့ အဲဒီအမျိုးသမီးကို စားပွဲခင်းပိတ်စနဲ့ဖမ်းချုပ်ပြီးတော့ အော်ရင် သတ်မယ်လို့ခြိမ်းခြောက်တယ်၊ ရွှေ/ငွေတွေတောင်းတယ်၊ မရှိဘူးလို့ပြောတော့ အဲဒီလူနှစ်ဦးက သူတို့မှာ ပါလာတဲ့ဓါးရှည်နဲ့ ခုတ်သတ်တာလို့သိရတယ်” ဟု ရဲမှူးဇော်ဝင်းအောင်က ပြောသည်။

ယင်းသို့ ဓါးဖြင့်အခုတ်ခံရသည့် ဒေါ်မဖြူကြီးမှာ လည်ဂုတ်တွင် (၃) လက်မက်ခန့် ပြတ်ရှဒါဏ်ရာ (၂) ချက်၊ လည်ပင်းတည့်တည့်တွင် (၄) လက်ခန့် ပြတ်ရှဒါဏ်ရာ (၁) ချက်ရရှိခဲ့ပြီး ဒဏ်ရာဖြင့်နေအိမ်မှ ထွတ်ပြေးကာ ပတ်ဝန်းကျင်အား အကူအညီတောင်းခဲ့ရာ မျက်နှာဖုံးနှင့်လူနှစ်ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒေါ်ဖြူမကြီးမှာ အသက်သေဆုံးမှုမရှိဘဲ ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်း လူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ၄င်း၏ခင်ပွန်းဖြစ်သူမှာ လွန်ခဲ့သော (၂) နှစ်ခန့်ကပင် ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေ၍ အိမ်တွင်မရှိကြောင်း သိရသည်။

“ အဲဒီမျက်နှာဖုံးစွပ်ထားတဲ့နှစ်ဦးက ဗမာစကားမပီမပြင်ပြောတဲ့ ဘင်္ဂါလီတွေလို့ စစ်ဆေးချက်အရသိရတယ်၊ တရားခံကို ဖမ်းမမိသေးဘူး၊ ဓါးနဲ့ခုတ်သတ်ခံရတဲ့ အမျိုးသမီးကတော့ အခုစကားပြောနိုင်ပါပြီ ” ဟု ရဲမှူး ဇော်ဝင်းအောင်က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စေတီပြင်ရဲစခန်းမှ (ပ) (၁၅/၁၇) ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆/၄၅၂ တို့ဖြင့် အမှုဖွင့်လှစ်ထားပြီး အရေးယူဆောင်ရွက်နိုင်ရန် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ခိုင်မင်းညို (ကျိန်းရိပ်မြေ)၊
Rakhine Gazette
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template