Headlines News :
Home » » ကျောက်ဖြူစီမံကိန်းကို ဒေသခံတွေ မနစ်နာအောင် ဆောင်ရွက်မည်

ကျောက်ဖြူစီမံကိန်းကို ဒေသခံတွေ မနစ်နာအောင် ဆောင်ရွက်မည်

Written By Live100 on Saturday, April 29, 2017 | 11:22 PM


စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မယ့် ကိစ္စနဲ့ပတ်သက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ရှင်းလင်းစဉ် Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို ဒေသခံတွေထိခိုက် နစ်နာမှုမရှိအောင် အလေးထားဆောင်ရွက်မှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေကိုရှင်းပြရာမှာ ဝန်ကြီးက အဲဒီလို ပြောတာဖြစ်ပါတယ်။

ကျောက်ဖြူခရိုင်အတွင်းမှာရှိတဲ့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင် စတဲ့မြို့နယ်တွေမှာ အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ အဆင့်မြင့်အိမ်ရာ စီမံကိန်းတွေပါဝင်မှာဖြစ်ပြီး မြေ ဧကပေါင်း ၄၂ဝဝ ကျော်မှာ အကောင်အထည်ဖော်ဖို့ လျာထားတာဖြစ်ပါတယ်။

အဲဒီအထူးစီးပွားရေးဇုန်စီမံကိန်းကို ၂ဝ၂၈ ခုနှစ်အထိ အဆင့် ၃ ခုနဲ့ အကောင်အထည်ဖော် ဆောင်ရွက် မှာ ဖြစ်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ပြည်တွင်းက ကုမ္ပဏီပေါင်း ၅ဝ က အဆိုပြုတင်ပြထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template