Headlines News :
Home » » ကျားဖြူပါတီမှနိုင်ငံရေးဆိုင်ရာလူငယ်အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကျားဖြူပါတီမှနိုင်ငံရေးဆိုင်ရာလူငယ်အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Written By Live100 on Saturday, April 29, 2017 | 11:20 PM

နိုင်ငံရေးဆိုင်ရာလူငယ်အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကို သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင်ကျားဖြူပါတီ SNDP မှ ဦးဆောင်ကျင်းပရာ  မြို့နယ် ၁၆ ခုမှ လူငယ်ကိုယ်စားလှယ်များတက်ရောက်ကြသည်။



ဆွေးနွေးပွဲကို ဧပြီလ ၂၇ ရက်နေ့က ကျောက်မဲမြို့နယ် ကောလီခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်းကိုယ်တိုင်တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။


"ပညာရေးပိုင်းမှာကျနော်တို့ သျှမ်းလူငယ်တွေ နောက်ကျမှုရှိနေသေးတယ်။ ပညာရေးဘဲဖြစ်ဖြစ် လူမှုရေးဘဲဖြစ်ဖြစ် နိုင်ငံရေးဘဲဖြစ်ဖြစ် ကချင်တို့ ချင်းတို့ ရခိုင်တို့ကိုကြည့်မယ်ဆိုရင်သူများတွေက တအားတိုးတက်နေပြီ။ ကျနော်တို့ကသာ နိုင်ငံရေးမှာဆိုရင်လည်း သူများကိုလိုက်လို့မမှီသေးဘူး။ အဲ့ကြောင့် သျှမ်းလူငယ်တွေဆက်ပြီးကြိုးစားရမယ်။ အဓိကကတော့ လူမျိုးသုဉ်းစေမယ့် မူးယစ်ဆေးဝါးနဲ့ပတ်သက်လာရင်လူငယ်တွေတအားသတိထားရမယ်။ အထူးရှောင်ရှားရမယ်။  "- ဟု တွေ့ဆုံပွဲတွင် စိုင်းအိုက်ပေါင်းကပြောကြားခဲ့သည်။


တွေ့ဆုံဆွေးနွေးပွဲတွင် ဥက္ကဌကြီးစိုင်းအိုက်ပေါင်းအပြင် ဒုဥက္ကဌ စိုင်းဆောင်ဆီ၊ ဗဟိုအလုပ်အမှုဆောင်နန်းဝါနု တို့လည်း တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ၁ ၆ မြို့နယ် မှ လူငယ်  ၄၃ဦး တက်ရောက်ခဲ့သည်ဟုသိရသည်။


အဆိုပါတွေ့ဆုံပွဲတွင် ကျားဖြူပါတီ၏ အားနည်းချက် အားသာချက်၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ မူးယစ်ဆေးဝါးပြသနာနှင့် ပညာရေးကဏ္ဍ တို့ပါဆွေးနွေးခဲ့ပြီး အနာဂတ်တွက်လုပ်ဆောင်ရမည့် အဓိကလုပ်ငန်းစဉ်များပါ ချမှတ်ခဲ့ကြောင်းလည်းသင်တန်းသားများပြန်လည်ပြောပြချက်အရသိရသည်။


ဗဟိုအလုပ်အမှုဆောင်နန်းဝါနုက- “ကျမတို့တော်ချင်  တတ်ချင် သူများထက်ဦးချင် ထူးချင်ရင် ကျမတို့ ကိုယ့်သမိုင်းကို သိရမယ်။ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ဥပဒေကိုသိရမယ်။ ဗမာစာ ဗမာစကားလည်း သိရမယ်။ ဒါကြောင့် မိဘပြည်သူကိုတိုက်တွန်းချင်တာက ကလေးတွေကိုပညာရေးမြင့်တင်ပေးပါ။ ကလေးတွေပညာတတ်မှ အနာဂတ်မှာခေါင်းဆောင်တွေဖြစ်လာမှာဖြစ်တယ် ”- ဟု ပြောဆိုသည်။


အဆိုပါလူငယ်တွေ့ဆုံပွဲမှရရှိလာသော အမြင်သဘောထားများကို စုစည်းကာ ၁၁ ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင်တင်ပြခဲ့ကြောင်းလည်းသိရပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template