


(၂၉-၄-၂၀၁၇ ရက်နေ့၊ မနီလာမြို့)
(၃၀)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ အထူးလေယာဉ်ဖြင့် ယနေ့ဒေသစံတော်ချိန် (၁၆၁၅)နာရီတွင် ပြန်လည်ထွက်ခွာရာ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Ms. Paulyn Jean B. Russel-Ubial၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံးဝန်ထမ်းမိသားစုများမှ Nino Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဓာတ်ပုံ - ပြန်/ဆက်ဌာန
Ministry of Foreign Affairs Myanmar